Newborn baby ကလေးတယောက် မွေးပေးနိုင်သတဲ့

Nuam No ဆရာ ဒီနေ့မွေးလူနာရှိတယ်။ အိမ်မှာပဲမွေးတာ။ မ Cho Chang လည်းမရှိ။ သမီးနင့် အပြင်ကဆရာမ တယောက် မွေးပေးတယ်။ ကလေးထွက်ပြီးနောက် အချင်းမထွက်နိင် တော်တော်စိုးရိမ်ရတယ်။ နာရီဝက်လောက်မှ အချင်း ချနိင်တယ်။ သမီးလေးဆရာ။

နယူးဒေလီမှာနေခဲ့ရတုံးက မြန်မာနိုင်ငံကနေလာနေသူတွေအတွက် ယမုန်နာဆေးခန်းလေး ၁၂ ကြာဖွင့်ခဲ့တယ်။ မေးလူနာတွေကိုလည်း မွေးပေးတယ်။ ကလေး ၃၄၉ ယောက်မွေးပေးနိုင်ခဲ့ပါတယ်။

သားဖွါးပညာကိုပါ ဆရာမတွေကိုသင်ပေးထားတယ်။ အခုပုံနဲ့စာပို့တဲ့ Nuam No လည်းပါတယ်။ မရှိဘူးဆိုတဲ့ Cho Chang သူ့တက်စီနီယာကျတဲ့ဆရာမ။

ကျွန်တော် ဆေးခန်းလေးပိတ်ပြီးထွက်လာရတော့ ဆရာမပါပဲလုပ်နိုင်အောင် သင်ထားပေးခဲ့တယ်။ အားပေးနေတယ်။ ကျွန်တော်ထွက်လာပြီးမှ သူတို့မွေးပေးကြတာ မှတ်မိသလောက် ၃ ယောက်ရှိပြီ။ ကွန်ဂရက်ကျူလေးရှင်းပါ ငါ့ဆရာမရေ။

ဒေါက်တာတင့်ဆွေ
၂၂-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး