NLD Election campaign စည်းရုံးရေးဆိုတာ

• မိုးရွာထဲ နေပူထဲ ဗွက်ထဲရွံ့ထဲ
• ရေထဲဆင်းကူး ဒူးဆစ်ပေါင်လည်
• ကွင်းလယ်မှာ တဲထဲမှာ
• အိမ်ထဲမှာ ခန်းမထဲမှာ
• သစ်ပင်အောက်မှာ၊ လမ်းဘေးမှာ
• လှည်းနဲ့လာ၊ လှေနဲ့သွား
• ဆိုက်ကား၊ ကားကြီးကားငယ်
• ဆိုင်ကယ်၊ ဆူပါကပ် ယာမာဟာ
• လေယာဉ်နဲ့လာ ခြေလျင်တက်ဆင်း၊ မြင်း။

• တီရှပ်အနီ ပင်နီ
• ကချင်လုံခြည် ယောထဘီ
• အနီ-အဝါ-အဖြူရောင် ထီး
• ခေါင်းစီး ပန်းစည်း ပန်းကုံး
• အပြုံး အရီ လက်ခုပ်သံမည်
• စီဒီပြား အဖွားအို အဖိုးအို
• အဆိုတော် သီချင်းရေးဆရာ ဒိုးပတ်ဆရာ
• ကင်မရာဆရာ မီဒီယာ၊ သံဃာတော်လည်းပါ။

• အလံကြီး အလံသေး
• ကလေး လူငယ် လူကြီး
• နဖူးစီးစာ ဘင်နာ ဗီနိုင်း (အသံထွက်မှန် = ဗိုင်းနယ်လ်)
• တိုင်းရင်းသား ရိုးရာဝတ်စုံ ထိုင်ခုံ စဉ်မြင့်
• အသင့်ဆီးကြို အပျိုမပါး သနပ်ခါး
• သက်ကြားအိုလက် ဝှေ့ရမ်းလျက်
• လက်ချင်းဆက် နိုဝင်္ဘာ (၈) ရက်သို့ တို့ချီတက်။

ဒေါက်တာတင့်ဆွေ
၂၅-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး