Pon Taung ပုံတောင်အလှ

• ပုလဲ အနောက်ဖက်မှာ ၆ မိုင်အကွာ ကင်းဝန်ရဲ့ရွာ၊
• မင်းတိုင်ပင်မှာနား၊ ဆက်သွား၊ တက်သွား၊ ၅၅ မိုင်မှာ တခါနား၊

• ညာဘက် တက်ဆင်း၊ ပုလဲထဲက ယောနယ်တွင်း၊
• ခရီးပြင်း အတက်၊ အဆင်း မရှိ လေးမိုင်တိတိ၊
• နတ်ထိပ်ရောက်တဲ့အထိ။

• ပုံညာထိပ်တွင် ရေချမ်းစင်၊ နတ်တင်၊
• ပြီးရင် ခရီးဆက်၊ အတက် မရှိ လေးမိုင်တိတိ၊
• အိစက်ညက်ညော ချောလှကြတဲ့ ယော၊ ကျော၊
• ပုံတောင်တကြော ရှေးတုန်းကတော့ သစ်ဝါးပေါ၊
• ဂန့်ဂေါ-ယောလုံချည်၊ ၉ဝ တုန်းက ဝတ်ခဲ့သည်။

• ဂန့်ဂေါ နောက်တခေါက်၊ ဘောင်းဘီဝတ်ပြီးရောက်၊
• အနောက်ဘက် ဆက်၊ ချင်းတောင်ကြီးပေါ် တက်၊
• ခြောက်ရက်၊ ငါးညခရီးနဲ့ တိုင်းပြည်ကြီး အပြီးစွန့်ခွါ၊
• နှစ်အစိတ် စိတ်သာပြန်ရောက်၊
• ကြေးနီမထွက်တဲ့ ပုံတောင် မပျောက်၊
• အကျွန် တခေါက် ပြန်ရောက်ရလိုပါ၏။

ကျွန်တော် လေးငါးခြောက်ခေါက်ရောက်ခဲ့တဲ့ ပုံတောင်ထိပ်ဟာ 1,090 မီတာ (3,576 ပေ) မြင့်တယ်။
ကျွန်တော် တညအိပ်ခဲ့တဲ့ Hakha ဟားခါးမြို့ဟာ 1,800 မီတာ (6,000 ပေ) မြင့်တယ်။
ကျွန်တော် ၂ ပတ်ကြာနေထိုင်ခဲ့တဲ့ Siaha စိုင်ဟားမြို့ဟာ 729 မီတာ (2,391 ပေ) မြင့်တယ်။
ကျွန်တော် တနှစ်တိတိနေထိုင်ခဲ့တဲ့ Aizawl အိုက်ဇော်မြို့ဟာ 1,132 မီတာ (3,715 ပေ) မြင့်တယ်။

ဒေါက်တာတင့်ဆွေ
၂၁-၉-၂ဝ၁၅
၁၈-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး