Power Balance ပါဝါလက်ပတ်

မင်္ဂလာပါဆရာ။ Power balance လက်ပတ်လေးက ဘယ်လိုလူမျိုးတွေအသုံးပြုသင့်ပါသလဲ။ ဘာကိုအဓိကလုပ်ဆောင်တယ်ဆိုတာလေးသိပါရစေဆရာ။ ခန္ဓာကိုယ်ရဲ့စွမ်းအားကိုထိန်းညှိပေးတယ်ဆိုတာ ဟုတ်ပါသလားဆရာ။ လူကြီးကော လူငယ်ကော ဝတ်လို့ရပါသလားဆရာ။ သူ့အကြောင်းလေး သေသေချာချာသိချင်လို့ပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

Power Balance ဆိုတာ hologram bracelets ဟိုလိုဂရမ်လက်ပတ်လေးတခုဖြစ်တယ်။ holographic technology နည်းပညာကို သုံးထားတယ်။ ကိုယ်ရဲ့သဘာဝအင်နာဂျီနယ်ပယ်ကို တုန့်ပြန်တယ်။ အားကစားလုပ်ရာမှာ အထောက်အကူ ရစေတယ်လို့ ထုတ်လုပ်သူတွေက ၂ဝ၁ဝ မှာပြောခဲ့တယ်။

ရောင်းရအောင်း နာမည်ကြီး ဆယ်လီဘရယ်တီတွေနဲ့ ကြော်ငြာခဲ့ပါတယ်။ သမတကလင်တန်းလည်းပါတယ်။ လေ့လာမှုပေါင်းများစွာလုပ်တော့ အဲလို အကျိုးပိုရစေတယ်ဆိုတာ မဟုတ်ကြောင်းသိရတယ်။

ထုတ်လုပ်သူတွေကနေ ဆေးပညာအရသက်သေခံထားတယ်လို့ပြောခဲ့တာကို Australian Competition and Consumer Commission သြစတေးလျ ပြိုင်ပွဲဝင်အားကစားနဲ့ စားသုံးသူကော်မတီဆုံးဖြတ်ချက်အရ ပြန်လည်ရုပ်သိမ်းပေးခဲ့ရတယ်။ တလွဲကြော်ငြာလို့ ဝေဖန်ပြစ်တင်ခံနေရတယ်။ ၂ဝ၁၁ အကုန်မှာ အမှုရင်ဆိုင်ရလို့ ကုန်ကျငွေ ဒေါ်လာ ၅၇ သန်းရှိတာမို့ လုပ်ငန်း ဖျက်သိမ်းရလုနီးပါး ရောက်ခဲ့တယ်။

ဒေါက်တာတင့်ဆွေ
၁၉-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး