Stamp seal တုံး နဲ့ တုံး

မဲစာရင်းတွေထဲမှာ အမျိုးသားကို ဒေါ်၊ အမျိုးသမီးကို ဦး တပ်ထားသတဲ့။ ကော်မရှင်က ဆော့ဖ်ဝဲ လွှဲချသေးတယ်။

ကျွန်တ်ာတို့ ပြည်ပနိုင်ငံရေးလှုပ်ရှားမှုတွေ ၂၄ နှစ်တာလုပ်ခဲ့ကြတုံးက အဖြစ်အပျက်တခုကို သတိရတယ်။ ၁၉၉ဝ အမတ် ၃၆ ယောက်ပြည်ပရောက်ကြတယ်။ တယောက်မှ စစ်အစိုးရကထုတ်ပေးတဲ့ ပတ်စပို့ မကိုင်ကြရပါ။ ဒါပေမယ့် သွားလိုက်ကြရတဲ့တိုင်းပြည်ကို ရေမထားအားပါ။ တခါက်သွား ပတ်စ်ပို့တခုသမားကရှိသေး။ လေဆိပ် အဝင်တိုင်း အထွက်တိုင်းမှာ ကိုယ်ကိုင်ထားတဲ့ပတ်စ်ပို့ထဲက နာမည်၊ အဖေနာမည်၊ မွေးသက္ကရာဇ်တွေကို အလွတ်ကျက်ကြရတယ်။ ဒေါ်စန်းစန်းထွက်မလာခင်က အမတ်အားလုံးက အမျိုးသားတွေပဲရှိတယ်။

ဥရောပခရီးစဉ်တခုမှာ အမတ်ယောက်ကိုင်ရတဲ့ ပတ်စ်ပို့က အဆန်း။ အစည်းအဝေးခန်းရောက်မှ သူပြောပြလို့သိရတယ်။ အမည် = ဒေါ့့် တဲ့။

ရွေးကောက်ပွဲကော်မရှင်မှားတာ ဘာဟုတ်သေးလည်းလို့ ပြောချင်တာမဟုတ်ပါ။ လူအစစ်က မဲသွားပေးရင် သူတို့ထုတ်တဲ့ စာရင်းအရ ကောက်မရှင်ဆိုသူများက ငြင်းလို့ ကိုယ်ပေးချင်တဲ့ အမတ်နာမည်ဘေးမှာ တံဆပ်တုံးထုခွင့်က ရချင်မှရမယ်။ ကျွန်တော်တို့ အမတ်မင်းကိုတော့ ဥရောပနိုင်ငံ အင်မီဂရေးရှင်းက တခါတည်း တုံးထုပေးပါတယ်။ ဦးလည်းမကြည့်၊ ဒေါ်လည်းမသိကြပါ။

ဘုမသိ ဘမသိနဲ့ မဲပေးသူများ တုံးထုခွင့် အပယ်မခံကြရပါစေနဲ့။ တုံးသောကော်မရှင်လည်း အပါယ်မလားပါစေနဲ့။

ဒေါက်တာတင့်ဆွေ
၁၉-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး