Telescope အဝေးကြည့်

ပြည်ပနေ မြန်မာပြည်ကလူတွေထဲမှာ အများစုက အလုပ်အကိုင်အတွက် မလေးရှာ၊ ထိုင်းနဲ့ အိန္ဒိယစတဲ့ နိုင်ငံတွေကို ထွက်ပြီးမှ UNHCR အစီအစဉ်နဲ့ အမေရိကကိုရောက်လာကြသူက အဆမတန်များတယ်။ နိုင်ငံရေးနဲ့ဆက်စပ်ပြီး ထွက်ရာကနေရောက်သူက နည်းတယ်။ အဲတော့ နိုင်ငံရေးအသိဆိုတာ အလွန့်အလွန် ကွာကြတာတွေ့ပါတယ်။

အဖေါ်ရှိတိုင်း နိုင်ငံရေးကိုစကားစပ်ပြီး မေးမေးကြည့်တယ်။ မနေ့တုံးက ချင်းပြည်နယ်ကလာနေသူတယောက်က ဦးသိန်းစိန်က သန်းရွှေထက် နည်းနည်းကောင်းတယ်တဲ့။ ဦးသိန်းစိန် ရွေးကောက်ပွဲမဝင်တာတော့ မသိဘူး။ ချင်းပြည်နယ် နိုင်ငံရေးနဲ့လည်း ဝေးနေပုံရတယ်။

နောက်ဗမာတယောက်က မလေးရှားမှာလည်းကြာခဲ့တယ်။ အမေရိကမှာလည်း နည်းနည်းကြာပြီ။ အပြင်မှာ နေထိုင် လုပ်ကိုင်စားသောက်ရတာ မြန်မာပြည်ထက် အဆင်ပြေတာကောင်းကောင်းသိတယ်။ သူက ကျွန်တော်တို့တိုင်းပြည်ကို ကုလားဖြစ်ဖြစ်၊ တရုပ်ဖြစ်ဖြစ်၊ အုပ်ချုပ်တာက စစ်တပ်ထက်တော့ လူတွေသက်သာမယ်တဲ့။

ပြီးခဲ့တဲ့အပါတ်က တိုင်းရင်းသား (ကယန်း) တယောက်ကို ကရင်နီ လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေနာမည် ပြောပြတော့ တယောက်မှမသိဘူး။ ဒေါ်စုကယားပြည်နယ်ခရီးထွက်တာကိုလည်း ကျွန်တော်ကပဲ ပြောပြရတယ်။ နောက်နေ့တော့ သူလည်း လေ့လာပုံရတယ်။ သူပြောတာက တိုင်းရင်းသားလက်နက်ကိုင်တွေ လက်နက်စွန့်သင့်တယ်တဲ့။ ဘာမှအကျိုးမရှိဘူးတဲ့။ ဒေါ်စုပဲ အားကိုးစရာရှိတယ်တဲ့။

ဒီစာအတိုလေးသာဖတ်ပြီး အပြင်နေသူတွေကို ယေဘုယျခြုံတော့ မကြည့်ပါနဲ့။ အဲတာက တဦးတယောက်ချင်း အမြင်မျှသာဖြစ်ပါတယ်။ မြန်မာပြည်နိုင်ငံရေးနဲ့ မျက်ခြေမပြတ်သူတွေလည်းရှိပါတယ်။ ပြည်တွင်းမှလည်း နိုင်ငံရေး လိုက်မမီသူတွေကို ပညာပေးစည်းရုံးရေး ခက်ခဲစရာတွေရှိမှာပဲလို့ သိဘို့သာပါ။ အထဲမှာ ပိုခက်မှာက ပေးကျွေထားလို့ ကျေနပ်နေသူတွေပါရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး