Total Lunar Eclipse လမင်းကြီးပါ နီပါလိမ့်မယ်

မြန်မာပြည်မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲတွေ နွှဲနေကြတယ်။ အစိမ်းရောင်နဲ့ အနီရောင်တွေ အားပြိုင်နေကြတယ်။

ဒီမှာတော့ ခဏနေရင် လကြတ်မယ်။ ဒီတခါက အပြည့်အဝလကြပ်မှာဖြစ်တယ်။ ထူးခြားတယ်။ နေထိုးထားတဲ့ကမ္ဘာမြေကြီးအရိပ်က လပေါ်ကိုတည့်တည့်ကျမယ်။ အဲဒီအခိုက်အတန့်မှာ လင်းထင်းနေရမယ့်လက မှောင်သွားလိမ့်မယ်။ အပြည့်အဝ လကြပ်တာက လနဲ့ကမ္ဘာနဲ့အနီးဆုံး အကွာအဝေးဖြစ်တဲ့ မိုင်ပေါင်း ၂၂၂ဝဝဝ အကွာမှာဖြစ်မယ်။ အဝေးဆုံးမှာရှိတုံး မြင်ရတာထက် ၁၄% ပိုကြီးနေတာကို မြင်ရမယ်။ ၃၃% ပိုပြီး တောက်ပနေမယ်။

ကမ္ဘာကနေမြင်ရမယ့်အရောင်ကို Deep rusty red နီညိုရင့်ရောင်လို့လည်းတိတိကျကျဖေါ်ပြတယ်။ အပြာရောင်ကဲနေတဲ့ ကမ္ဘာ့ဝန်းကျင် အဒ်မော်စဖီယာကြောင့် အဲလိုအရောင်ကိုဖြစ်စေတာပါ။ Brick-coloured အုတ်နီခဲရောင်၊ Blood red သွေးနီရောင်လို့ ခေါ်ကြတယ်။

ဒီနှစ်ထဲမှာ လကြတ်တာ ၄-၄-၂ဝ၁၅ တုံးကလည်း တခါဖြစ်ခဲ့ပါသေးတယ်။ နောက်ဆုံးဖြစ်ခဲ့တာက ၁၉၂၈ ခုနှစ်ကဖြစ်ပြီး နောက် ၂ဝ၃၃ မှာ တခါထပ်ဖြစ်ပါမယ်လို့ NASA နာဆာက ဟောကိန်း ထုတ်ထားပါတယ်။

လကြတ်တာမှာ အင်္ဂါလေးရပ်ရှိတယ်။ (၁) လပြည့်နေမယ်။ (၂) ကမ္ဘာနဲ့အနီးဆုံးဖြစ်မယ်။ အကြီးဆုံးမြင်ရလို့ ဆူပါမွန်းလို့ ခေါ်တယ်။ (၃) ကမ္ဘာ့အရိပ်က လပေါ်တည့်တည့်ကျနေမယ်။ (၄) ကမ္ဘာကြီးမှာ နေရောင်ရော လရောင်ပါ တပြိုင်တည်းမှာ ရနေပါမယ်။

လ လုံးဝကြတ်မဲ့အချိန်
ယူအက်စ် အရှေ့ပိုင်း ၂၇-၉-၂ဝ၁၅ ရက်နေ့ ည ၉ နာရီ ၇ မိနစ် ကနေစမယ်။ ၁ဝ နာရီ ၁၁ မိနစ်မှာ ကမ္ဘာ့အရိပ် လုံးဝ ကျရောက်မှာဖြစ်လို့ လအရောင်က သွေးလိုနီရဲလာပါမယ်။ ၁၁ နာရီ ၂၃ မိနစ်အထိ အဲလိုရှိနေမယ်။ ၁၂ နာရီ ၂၇ မိနစ်မှာ အဆုံးသတ်သွားပါမယ်။

နယူးဒေလီ Penumbral Lunar Eclipse
စမည့်အချိန် = တနင်္လာနေ့ ၂၈-၉-၂ဝ၁၅ နံနက် ၅ နာရီ ၄၁ မိနစ်
အများဆုံးအချိန် = တနင်္လာနေ့ ၂၈-၉-၂ဝ၁၅ နံနက် ၆ နာရီ ၅ မိန်စ
ပြီးဆုံးချိန် = တနင်္လာနေ့ ၂၈-၉-၂ဝ၁၅ နံနက် ၁ဝ နာရီ ၅၂ မိနစ်
ကြာချိန် = ၅ နာရီ ၁၁ မိနစ်

မြန်မာနိုင်ငံက ယူအက်စ် အရှေ့ပိုင်းစံတော်ချိန်ထက် ၁ဝ နာရီခွဲစောတယ်။ နယူးဒေလီထ့် ၁ နာရီတိတိစောတယ်။ ဒါပေမယ့် အချိန်တူမှာ တပြိုင်တည်းမြင်ကြရတာမျိုးမဟုတ်ပါ။ မြန်မာနိုင်ငံအတွက် ၉-၃-၂ဝ၁၆ နေ့ အတွက်သာ တွေ့ပါသေးတယ်။ ဆောရီး။

နေနဲ့လနဲ့ နှစ်ပါးဆိုင် အနိုင်ရမည် အနီရောင်ပါတီ။

ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး