Twinvir အသည်းရောင် (စီ) ပိုးအတွက်ဆေး

Zaw Zaw Tun = ဆရာရေ Generic Harvoni က Bangladesh က Twinvir နာမည်နဲ့ထွက်နေပါပြီ။ အသိပေးတာပါ။ ၃ လစာကို $ 1100 လောက်ပဲကျပါမယ်။

ဘင်္ဂလားဒက်ရှ်နိုင်ငံ ဒက္ကားမြို့မှာရှိတဲ့ Incepta Pharmaceuticals Limited ကထုတ်လုပ်တဲ့ အသည်းရောင် (စီ) ပိုး အတွက်ဆေး Twinvir ဆေးထဲမှာ Ledipasvir INN 90 mg နဲ့ Sofosbuvir INN 400 mg ဆေး ၂ မျိုးပါတယ်။
Chronic hepatitis C (CHC) ဂျီနိုအမျိုးအစား ၁၊ ၄ နဲ့ ၆ အတွက်ပေးတယ်။ တနေ့ ၁ ပြား၊ အစာနဲ့ဖြစ်ဖြစ် အစာမပါပဲဖြစ်ဖြစ် သောက်ရတယ်။

ဆေးပတ်လည်ဘို့ရာ အသည်းခြောက်မနေသူတွေအတွက် ၁၂ ပါတ်ကြာမယ်။ အသည်းခြောက်နေရင် ၂၄ ပါတ် ကြာသောက်ရမယ်။ ဘာမှန်းမသိရင် ၁၂ ပါတ်ကြာသောက်ရမယ်။ ကျောက်ကပ်ပျက်စီးနေသူတွေဆိုရင် ဘယ်လောက် ကြာပေးရမယ်လို့ မပြောနိုင်သေးပါ။

ဘေးထွက်ဆိုးကျိုးတွေက အားယုတ်မယ်။ ခေါင်းကိုက်မယ်။

သတိထားဘို့ကတော့ Amiodarone ဆေးနဲ့တွဲသောက်ရရင် နှလုံးခုန်နှေးတာဖြစ်တယ်။ နှလုံးရောဂါအခံကြောင့်
beta blockers ဆေးတွဲသောက်နေရသူတွေလည်း အထူးသတိထားရမယ်။

ကိုယ်ဝန်ဆောင်နေသူတွေအတွက် (ဘီ) အဆင့်သတ်မှတ်လို့ အကျိုးက အဆိုးထက်ပိုရင် သောက်နိုင်ပါတယ်။

ကလေးတွေကို ဒီဆေးပေးလို့ ဘယ်လိုဆိုးကျိုးဖြစ်မလည်း မပြောနိုင်သေးပါ။

Twinvir ဆေးကို တကပ်မှာ ၆ ပြားပါတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး