Vote for Education (2) ပညာရေးအတွက် မဲပေးပါ (၂)

• နေ့လည်စာ ထမင်းချိုင့်၊ စာရေးရတဲ့လက်ကလေးနဲ့နှိုက်၊
• ဗိုက်ဝရင်တော်လှ၊ စားချင်တာမစားရ နေ့တိုင်းလိုသာပ၊
• မူလတန်းကတည်းကစရတာ ဘဝသင်္ခန်းစာ၊
• ငါကြီးလာရင်ဘာလုပ် ဆရာဝန်ကြီးမဟုတ်၊
• အင်ဂျီအိုကြီး မလုပ်၊ ခရိုနီကြီး မလုပ်။

• လူကြီးတွေပြောနေတာကြား၊ ဟိုဟာပြင်မှာလား သည်ဟာပြင်မှာလား၊
• စစ်သားတဲ့၊ မြစ်များတဲ့၊ နိုင်ငံခြားသားတဲ့၊
• အသားဖြူဖြူ ဗမာစကားမတတ်သူ၊
• ဒီလူတွေက မိုးပေါ်ကကျ၊ ကျွန်တော့်နေ့လည်စာနဲ့ ဆိုင်ပါသလားဗျ။

• ထမင်းကြမ်းဖြူဖြူ၊ ဆီမကူ ဆားမပါ၊
• အမေ့စေတနာ၊ အဖေ့လုပ်စာနဲ့တိကျ၊
• ဒီမိုကရေစီသာရရင်တော့၊ နေ့လည်စာတမင်းမှာ ဟင်းတခွက်ပါစေရမယ်ပေါ့လို့၊
• ဒို့မူလတန်းကျောင်းသားဂျင်နရေးရှင်း၊ အားခဲလို့သာတင်း။

စာသင်ကျောင်းတွေကောင်းချင်ရင်၊ ပညာရေးကောင်းချင်ရင် NLD ကိုသာမဲပေးပါ။

- ဓါတ်ပုံ (၁) = Khun San Oo
- ဓါတ်ပုံ (၂) = April Maung Maung
- စာရေးဖြစ်အောင်စေ့ဆော်သူ (၁) = Pauk Sa Jade
- စာရေးဖြစ်အောင်စေ့ဆော်သူ (၂) = လစ်ဗျယ် ငပျင်း

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-ဝ၁၃
၂၁-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး