World Bank approves $400m loan for Myanmar's electricity grid expansion

ပို့စ်တခု = Alanka Monywa လျှပ်စစ်မီးအခြေအနေ - အနည်းဆုံး ၁၅ ရက် (ပြည်သူ့အပေါ်စေတနာရှိလျှင်)

မြန်မာပြည်မှာ လူဦးရေ ၇ဝ% က လျှပ်စစ်မရကြပါ။ စိတ်မပူကြပါနဲ့ ၁၈-၉-၂ဝ၁၅ နေ့ထွက် သတင်းတခုပေးပါရစေ။ မြန်မာနိုင်ငံမှာ လျှပ်စစ် (ဂရစ်) တို့ချဲ့နိုင်ရေးအတွက် ဒေါ်လာသန်း ၄ဝဝ ကို ကမ္ဘာ့ဘဏ်ကနေ အတိုးမဲ့ချေးမယ်တဲ့။

ဒီငွေကို International Development Association (IDA) ကနေ ထုတ်ချေးမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ Country Partnership Framework အစီအစဉ်အရချေးတာလို့ဆိုပါတယ်။

ဒီငွေနဲ့ ကျေးရွာတွေမှာ ကျောင်းတွေ၊ ဆေးခန်းတွေကို လျှပ်စစ်ဓါတ်ပေးနိုင်ဘို့ဖြစ်တယ်လို့ တာဝန်ရှိသူတွေကဆိုပါတယ်။ ဒီငွေကနေ ၂ဝ၂၁ ရောက်ရင် အိမ်ထောင်စုပေါင်း ၁့၂ သန်း (လူဦးရေ ၆့၂ သန်း) အကျိုးခံစားခွင့်ရကြပါမယ်။ ဆိုလာ စနစ်လည်း ပါဝင်ပါမယ်။ ၆ နှစ်စီမံချက်အရ စာသင်ကျောင်း၊ ဆေးခန်းနဲ့ လူမှုရေးဌာနပေါင်း ၂၃ဝဝဝ၊ လမ်းမီးတိုင် ၁၃၂ဝဝဝကိုလည်း လင်းစေမယ်။

သတင်းအရ မြန်မာအစိုးရအဆိုအရ ၂ဝ၃ဝ မှာ တိုင်းပြည်တခုလုံး မီးလင်းရမယ်လို့လည်း သိရပါတယ်။ ပြည်ခိုင်ဖြိုးက မဲဆွယ်မလားမပြောတတ်ဘူး။ သတင်းမသိသူတွေ အဟုတ်ထင်နေရင်လည်း ပြောပြလိုက်ကြပါ။ လူထုဆီက အခွန်ငွေနဲ့ ပြန်ဆပ်ရမယ့်ချေးငွေလို့။

ဒေါက်တာတင့်ဆွေ
၁၈-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး