8th of November နိုဝင်္ဘာ (၈) သီချင်း

နိုဝင်္ဘာ (၈) ခေါင်းစီးနဲ့ အမေရိကန် ရိုးရာအလိုက်နဲ့သီဆိုတဲ့ သီချင်းတပုဒ်ကို ၂ဝဝ၆ ခုနှစ်ကထွက်ခဲ့ပါတယ်။ Big & Rich တို့ရဲ့ Comin' to Your City အယ်လဘမ်ထဲက သီချင်းဖြစ်ပါတယ်။

သီချင်းနောက်ခံကတော့ ၁၉၆၅ ခုနှစ် ဗီယက်နမ်စစ်တွင်းက အမေရိကန် ၁၇၃ လေကြောင်းချီစစ်သား Niles Harris (နိုင်းလ်စ် ဟဲရစ်) ဟာ (ဟမ့်ပ်) စစ်ဆင်ရေးမှာ ဒဏ်ရာရသူတွေထဲက တယောက်ဖြစ်ပါတယ်။ သူ့ကို လူမည်းဆေးမှူး (လောရင့်စ် ဂျိုးလ်) က ကယ်လိုက်ပါတယ်။ အဲဒီစွမ်းဆောင်မှုအတွက် ဂုဏ်ပြုတံဆိပ် ရရှိခဲ့ပါတယ်။

Operation Hump ဟမ့်ပ် စစ်ဆင်ရေးကို ၁၉၆၅ ခုနှစ်နိုဝင်္ဘာ (၈) ရက်နေ့ကစတင်ပါတယ်။ ရှာဖွေရေးနဲ့ဖျက်ဆီးရေး အော်ပရေးရှင်းဖြစ်တယ်။ နှစ်ဖက်လုံး အကျအဆုံးလည်းများတယ်။ အမေရိကန် လေထီးဆင်းတပ်သား ၄၈ ယောက်နဲ့ Viet Cong ဗီယက်ကောင်း ဖက်က ၄ဝ၃ ယောက်ကျတယ်။

မှတ်ချက်။ မြန်မာပြည်က နိုဝင်္ဘာ (၈) ရက် နိုင်ငံရေးတိုက်ပွဲမှာ ဘယ်ဖက်ကဒဏ်ရာရရ ကုသပေးချင်ပါတယ်။ ဆုရချင်လို့တော့ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၆-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး