Around 4 million voters shut out of historic Myanmar election

လူပေါင်း ၄ သန်းလောက် သမိုင်းဝင်ရွေးကောက်ပွဲမှာ စာရင်းပျောက်နေတယ်လို့ ကနေ့ ရိုက်တားစ်သတင်းကဆိုပါတယ်။

မဲစာရင်းစာရင်းတွေ ကြေညာကတည်းက အလွဲလွဲအမှားမှားနဲ့စခဲ့တယ်။ လာမဲ့နိုဝင်္ဘာလ (၈) ရက်မှာ စစ်တပ်တပိုင်း အစိုးရအုပ်ချုပ်နေတဲ့ ၂ဝ၁၁ ကစပြီး သမိုင်းဝင်ရွေးကောက်ပွဲကို ကျင်းပပါတော့မယ်။ ခုထိအလားအလာကတော့ ၁၉၉ဝ တုံးကလည်းအနိုင်ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက စစ်တပ်နောက်ခံပြုထားတဲ့ USDP ကြံခိုင်ရေးပါတီကို အနိုင်ရဘို့ အလားအလာရှိနေပါတယ်။

ဘန်ကောက်ကနေ မိုင် ၃ဝ ဝေးတဲ့ မဟာချိုင်မှာ မြန်မာအလုပ်သမား ၃ သိန်းလောက်ရှိတယ်။ သူတို့တွေထဲက မဲပေးနိုင်မယ့်သူ အလွန်နည်းပါတယ်။ သူတို့ကိုင်ထားတဲ့လက်မှဆ်တွေနဲ့ ဘန်ကောက်ကိုလည်းမသွားနိုင်ကြပါ။ ဒီအလုပ်သမားအများစုက ၁၉၈၈ ဒီမိုကရေစီ အရေးအခင်းကြီးနောက်မှာ ရောက်လာကြသူတွေဖြစ်လို့ စစ်အစိုးရပါတီကို မဲပေးကြမှာလည်း မဟုတ်တာသေချာပါတယ်။ ၂ဝ၁၂ ခုနှစ်တုံးက ဒေါ်အောင်ဆန်းစုကြည်လာတော့ တခဲနက် ကြိုဆိုခဲ့ကြသူတွေလည်းဖြစ်ပါသေးတယ်။ အစိုးရတာဝန်ရှိသေူတွေက သူတို့ဆီကို ဘာမှသတင်းမှ လာမပေးကြပါ။

မြန်မာပြည်ကနေ ပြည်ပကိုထွက်အလုပ်လုပ်နေကြသူပေါင်း ၂ သန်းထဲက ၃ သိန်း ၄ ယောက်ပဲမဲစာရင်းမှာပါတယ်။ ရေကြီးခဲ့တဲ့နေရာဒေသတွေမှာ လူအများစုကမဲစာရင်းထဲမှာ ပါမလာတော့ပါ။ ကော်မရှင်တာဝန်ရှိသူတွေကိုတိုင်း ဘယ်လောက်စာရင်းထဲမှာမပါလည်း မသိကြပါ။ ခန့်မှန်းခြေ ၄ သန်းလောက်ရှိပါမယ်။ မဲစာရင်း ၃၃့၅ သန်းရဲ့ ၁ဝ% ဖြစ်နေတယ်။ ဒါကြောင့်လာမဲ့ရွေးကောက်ပွဲရဲ့ အရည်အသွေးနည်းစေတယ်။

ယာယီနိုင်ငံသား ၈ သိန်း၊ တိုက်ပွဲတွေကြောင့် တိုင်းပြည်တွင်းမှာ နေရာရွှေ့ပြောင်းနေထိုင်ရသူ ၁ သိန်းကနေ ၅ သိန်း၊ ထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွေထဲမှာ ၁ သိန်း ၁ သောင်း၊ ထိုင်းနိုင်ငံထဲမှာ အလုပ်သမား ၃ သန်း၊ မလေးရှားနဲ့ စင်္ကာပူမှာ အလုပ်လုပ်နေသူအတော်များများလည်း မဲစာရင်းထဲမပါကြပါ။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ဟိုးလေးတကြော် လက်မှတ်ထိုးပြီးလိုက်ပေမယ့် ကျေးရွာအုပ်စုပေါင်း ၄ဝဝ မှာ ရွေးကောက်ပွဲကျင်းပမှာမဟုတ်ပါ။ ပြည်ပမှာတရားဝင် နေထိုင်သူတွေကလည်း သံရုံးတွေမဲသွားပေးတော့လည်း အလွဲလွဲအမှားအမှားတွေဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်ဟာ ရာစုနှစ်တဝက်ကြာစစ်အုပ်စိုးမှုကြောင့် ရွေးကောက်ပွဲအတွေ့အကြို အလွန်နည်းပါတယ်။ ခုထိလည်း စစ်တပ်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဗီတိုပါဝါကို ကိုင်ထားသေးပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ စစ်အရာရှိဟောင်းကနေ နိုင်ငံရေးပါတီတွေကိုခေါ်ပြီး ရွေးကောက်ပွဲရက်ရွှေ့ဘို့ကြိုးစားသေးတယ်။ ဒီလိုပြောတာက ရုတ်တရက်၊ အတိုက်အခံတွေကို အငိုက်မိအောင်လုပ်လိုက်တာဖြစ်တယ်။ NLD ကနေ ကန့်ကွက်လို့နဲ့ မီဒီယာ အစွမ်းကြောင့်သာ ကော်မရှင်က ဂငယ်ကွေ့ပြန်ကွေ့လိုက်ပါတယ်။

ဒါတွေကိုကြည့်ရင် ရွေကောက်ပွဲကိုစီစဉ်ထားမှုတွေက ညံ့ဖြင်းတယ်၊ ပွင့်လင်းမြင်သာမှုနည်းလွန်းနေပြီး အစိုးရကို ပြောင်းလဲဘို့ စနစ်ကိုယ်၌က အာနည်းနေတာကိုပြသလိုက်တာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၁ဝ-၂ဝ၁၅
http://www.gmanetwork.com/news/story/541381/news/world/around-4-million-voters-shut-out-of-historic-myanmar-election

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး