Bedtime Poem ကလေးချော့ လင်္ကာ

Alinka Monywa ဆရာအခု မဲပြားမှာ ကြယ်ဖြူက ကြယ်ဝါဖြစ်နေပြီတဲ့ဆရာ အဲဒီအကြောင်း လူထုသိအောင် ပြောကြားပေးပါဦး။

ဟုတ့့် မနေ့ညကတွေ့လိုက်တယ်။

ကလေးချော့ လင်္ကာ
- မိုးပေါ်မှာ ကြယ်တလုံး တိမ်ဖုံးပါလို့ လမသာ
- သာတဲ့ခါ သာပါလိမ့် နတ်ဒေဝါ သူဖန်ဆင်း ဖိုးရွှေလမင်း

လူကြီးဆော့ မာယာ
- ကြယ်အဝါ ထုံးဖြူသုတ် အကြံယုတ်ပါလို့ မဲပြားမှာ
- ဝါတဲ့ခါဝါပါလိမ့် ကော်မရှင် သူဖန်ဆင်း အာဏာရှင်ဘယ်လိုငြင်း

မှတ်ချက်။ ရွေးကောက်ပွဲကော်မရှင် အသုံးစရိတ် (၆၈) ဘီလီယန်ကျော်သည် ဆေးအဖြူဝယ်ယူရန်လောက်ငခြင်းမရှိ။ စက္ကူအဝါသုံးထားခြင်းကို သည်းခံပါရန်။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး