Big polluters, pay up ညစ်ညမ်းသူတွေက ပေးဆပ်ရမယ်

(သို့) သဘာဝပတ်ဝန်းကျင်အတွက် မဲပေးကြပါ

ဒီနှစ်ထဲ မြန်မာပြည်မှာ မိုးသည်းထန်လို့ ရေကြီးတာနဲ့ မြေပြိုတာတွေဖြစ်တယ်။ လူဦးရေ ၁့၃ သန်း ထိခိုက်မှုရှိပြီး လူ ၁ဝဝ ကျော်သေဆုံးခဲ့ရတယ်။ ဗီယက်နမ်မှာလည်း ကျောက်မီးသွေးမိုင်းတွေကနေ အဆိပ်ပေါက်တွေဖြစ်ခဲ့လို့ ကမ္ဘာ့ ရှေးဟောင်းစာရင်းဝင် Ha Long Bay ဟလောင်းပင်လယ်အော်ကိုထိခိုက်ခဲ့တယ်။ လူ ၁၇ ယောက်သေဆုံးခဲ့တယ်။ ရာသီဥတုဖေါက်ပြန်မှုကြောင့်ဖြစ်ရတယ်။

မြန်မာပြည်နဲ့ ဗီယင်နမ်မှာ မလွှဲသာမရှောင်သာဖြစ်ရတာဟာ အစိုးရတွေက ဆုံးရှုံးပျက်စီးမှုလို့ဆိုတာကို နိုင်ငံတကာ ရာသီဥတုပညာရှင်တွေ မလုံလောက်ဘူးလို့ ဆိုကြပါတယ်။ဖွံ့ဖြိုးတိုတက်တယ်ဆိုတဲ့နိုင်ငံတွေကနေ သူတို့လုပ်စရာတွေကို လုံလောက်အောင်မလုပ်ကြပါ။ ဒီလို ပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့နောက်ကွယ်မှာ အမြတ်စွန်းတွေ ဘီလီယန်နဲ့ ရနေကြတယ်။ စွမ်းအင်အခွန်ငွေဟာ ၂ဝ၁၅ မှာ ၅့၅ ထရီလီယန် တနည်းအားဖြင့် မိနစ်တိုင်းမှာ ၁ဝ သန်းနီးပါးရှိပါတယ်။

ဘယ်သူတွေကနေ ညစ်ညမ်းစေပါသလည်း။ ၂ဝ၁၃ ခုနှစ်က ပညာရှင် Rick Heede ရစ် ဟီဒီအဆိုအရ ၁၇၅ဝ ကျော်ကနေစတွက်ရင် ကာဗွန်ဒိုင်အောက်ဆိုက် လွှင့်ထုတ်မှု ၃ ပုံ ၂ ပုံနီးပါး ဘာဝလောင်စာစက်ရုံ ၉ဝ လောက်ကနေ ဖြစ်တယ်။ အဲတာတွေထဲက တချို့ဆိုရင် ခုထိလည်ပတ်နေတုံးပါ။

ChevronTexaco, ExxonMobil, Shell, BP နဲ့ Peabody Energy အပါအဝင် ရင်းနှီးမြှုပ်နှံသူတွေပိုင်တဲ့ ကုမ္ပဏီတွေ ၅ဝ က ပိုင်ကြတယ်။ ၃၁ ခုကို Aramco (ဆော်ဒီ) နဲ့ Statoil (နော်ဝေ) လို အစိုးရပိုင်ကုမ္ပဏီတွေဖြစ်တယ်။ ၉ ခုကိုဆော်ဒီနဲ့ တရုပ်မှာ ပြည်သူပိုင်လို့ရှိတယ်။

သဘာဝဝန်းကျင်ပျက်စီးမှုကို အသာထား၊ အဲလိုအလွန်မတရားမှုကြောင့် အသစ်အစပျိုးမှုတခုလုပ်လာပါတယ်။ Carbon Levy Project ကာဗွန်ခွန်စီမံချက်ခေါ်တယ်။ အတော်များများထောက်ခံထားပါပြီ။ အဲတာက နိုင်ငံတကာဥပဒေနဲ့လည်း ညီတယ်။ ညစ်ညမ်းစေသူက ပေးရမယ်ဆိုတဲ့မူဖြစ်ပါတယ်။

အဲလိုကြောင့် အစိုးရတွေနဲ့ သဘာဝလောင်စာကုမ္ပဏီပိုင်ရှင်တွေအပေါ်ဖိအားတွေကျရောက်လာနေပြီဖြစ်တယ်။ ဖိလစ်ပိုင်က တိုက်ဖွန်မုန်တိုင်းသင့်ရခဲ့ရသူတွေကနေ သူတို့ဆီက လူ့အခွင့်အရေးကော်မရှင်ဆီ တိုင်စာတက်ကြပါတယ်။ ဒတ်ခ်ျပိုင် Urgenda နဲ့ပူးတွဲပြီး ၉ဝ လောက်ကနေ ဒတ်ခ်ျအစိုးရကို အောင်မြင်စွာတရားစွဲနိုင်လို့ ပိုပြီးသင့်လျှော်တဲ့ လောင်စာဗျူဟာ ပြင်ဆင်စေနိုင်ခဲ့ပါတယ်။ ပီရူးလယ်သမားတယောက်လည်း ဂျာမန်ကမ္ပဏီ RWE ကို တရားစွဲပါလိမ့်မယ်။

မြန်မာပြည်က လူ့အခွင့်အရေးကော်မရှင်ကတော့ အားမကိုးရတာသေချာတယ်။ မြန်မာ့ သဘာဝပတ်ဝန်းကျင်အတွက် မဲပေးကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၂၃-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး