Change for the worse ပြင်တာတဲ့လား

အစိုးရကို ပြင်ပါပြင်ပါပြောကြတယ်။ စစ်အစိုးရကတည်းက ပြင်ခဲ့ပြီးပါပြီ။ သတ်ပုံတွေကိုပါ။ အဲတာကို Change တဲ့။ မဟုတ်ပါ Distortion ရွဲ့စောင်းအောင်လုပ်ခြင်း၊ Aggravation ပိုဆိုးသောအခြေအနေသို့ရောက်ခြင်း။ Decay ဆွေးမြေ့သွားခြင်း။ Degradation ပို၍နိမ့်ကျသောအနေအထားသို့ရောက်ခြင်း။ Descent နိမ့်ဆင်းသွားခြင်း။ Perversion မကောင်းသော၊ အနုတ်သဘောဖြစ်စေခြင်း။ Regression ညံ့သောအခြေအနေသို့ရောက်ခြင်း။ Rot ပုပ်သိုးသွားခြင်း။ Wreckage ယုံကြည်မှု၊ ဘဝ၊ မျှော်လင့်ချက်ကို ပျက်ပြားစေခြင်းစသဖြင့် ဖြစ်တာပါ။

၁။ (တ) နဲ့ (တစ်)
အနန္တသူရိယအမတ်ရေးခဲတဲ့ အမျက်ဖြေလင်္ကာလေးပိုဒ်အစမှာ သူတည်းတယောက် ကောင်းဘို့ရောက်မူ၊ တယောက်သူမှာ ပျက်လင့်ကာသာ ဓမ္မတာတည်းလို့ ဖြစ်ပါတယ်။ တစ်တွေမဟုတ်ပါ။

၂။ အကို၊ အမလို့ရေးတာ သဘောမကျပါဆရာ။ သတ်ပုံကျမ်းအတို်င်း အစ်ကို၊ အစ်မလို့ရေးတာပဲ ကြိုက်ပါတယ်။

မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၅၊ စာမျက်နှာ ၂၇၈ မှာ မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီးအောက်မှာ အကိုအကြီးဆုံးဦးဘဝင်းသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ မသမာသူတို့၏လက်ချက်ဖြင့် ကျဆုံးခဲ့လေသည်လို့ ရိုက်နှိပ်ထားပါတယ်။

သတ်ပုံအကြောင်းပြောရရင် ကျွန်တော်ကတော့ လက်ဟောင်းကိုကိုင်ပြောပါတယ်။ ကနေ့အစိုးရကနေ ထုတ်ထားတဲ့ သတ်ပုံကျမ်းတွေကို သိပ်သဘောမတူလို့ပါ။ စွယ်စုံကျမ်းမှာလည်း စစ်အစိုးရလက်ထက်မှာ စွယ်စုံကျမ်း အနှစ်ချုပ်တွေ ရိုက်တော့ သတ်ပုံတွေပြင်ထားပါတယ်။

၃။ ဖတ်တဲ့သူနားလည်ရင် ပြီးတာပဲတဲ့။
ကျွန်တော် သဘောမတူပါ။ အင်္ကျီကြယ်သီးပေါက် လွဲတပ်ထားသလိုပေါ့။ လုံ့တော့လုံတာပဲ။ လူကြားထဲတော့မထွက်နဲ့။ ပြောသာပြောရတာ လူကြားထဲမှာလည်း ကိုးရိုးကားယားတွေ ခုခေတ်မှာပိုများနေတယ်။

၎။ ဖုန်းလေးပေါ်မှာ စာရိုက်ရတာခက်တယ်တဲ့။

ဟုတ်။ ဒူးနေရာမှာ စုပ်ပြဲနေတဲ့ဂျင်းဘောင်းဘီ ခေတ်မီပါတယ်။ အဲ့ မင်္ဂလာဆောင်တော့ ဝတ်သွားဖို့မသင့်ပါ။

အစစ်အမှန်ပြောင်းလဲဖို့ မဲပေးစို့။

ဒေါက်တာတင့်ဆွေ
၁၉-၅-၂ဝ၁၅
၂၇-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး