Cock-a-doodle-doo! အောက်အီအီး အွတ်

ကြက်မ တွန်လို့ မိုးမလင်းဘူဆိုတဲ့စကားနဲ့ မဲတောင်းတာကြားရတယ်။

ကြက်ဖ တွန်တာ နှစ် ၅ဝ ကြာပေမယ့် မိုးမလင်းဘူးသေးလို့ ပြန်ခြေပတယ်။

အခုတခါ The Politics နိုင်ငံရေးဂျာနယ်မှာပါတဲ့ ဆရာစံစာဏီဘိုရဲ့ နိုဝင်ဘာ ၈ ရက်နေ့မှာရွေးကောက်ပွဲကျင်းပဖြစ်ရင် ခြသေ့င်္တွေကိုနှုတ်ပိတ်မှာ ဒေါ်အောင်ဆန်းစုကြည်ပဲဆိုတဲ့ အင်တာဗျုးကို မိန်းမနေရာမှာ ယောက်ျားပြင်ပြီး အင်တာနက်ပေါ်မှာ ဖြန့်နေသတဲ့။

ဒီလိုအကြံအဖန်ကတော့ ကြက်ဖမဟုတ်ဘူး၊ ကြက်ထီးဆိုပြီး နောက် ၅ နှစ်တာ ဆက်တွန်ချင်လို့ထင်ပ။

မိုးလင်းအောင်တွန်တဲ့ ကြက်အမောက်ဟာ အနီရောင်ပါဗျာ။

ဒေါက်တာတင့်ဆွေ
၂၇-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး