Green or Red for better night vision အစိမ်းနဲ့ အနီ

အစိမ်းနဲ့ အနီ အားပြိုင်နေချိန်မှာ ဘက်လိုက်ပြီး မရေးလိုပါ။ သိပ္ပံနည်းကျ ရေးပါရစေ။ ညအချိန်မှာ အနီနဲ့ အစိမ်း ဘယ်အရောင်သုံးရင် ပိုမြင်ရသလည်း စစ်သုံးအတွက် ဖြစ်ပါတယ်။ အစဉ်အလာအရ ဒုတိယကမ္ဘာစစ်ကတည်းက အနီရောင်ကိုသုံးပါတယ်။ မကြာသေးခင်ကတော့ တွေ့ရှိချက်အသစ်ရှိလာပါတယ်။ ညအမြင်အတွက် အစိမ်းရောင်နဲ့ စိမ်းပြာရောင်ကို စစ်ရေးမှာ ပြောင်းသုံးလာပါတယ်။

အစိမ်းရောင်သုံးပြီးကြည့်ရင် တောက်ပမှု (အလင်းလယ်ဗယ်) မှာ သာပါတယ်။ လူ့မျက်စိဟာ အစိမ်းရောင်ကိုပိုပြီး ကြည့်ချင်တယ်။ အနီရောင်ကနေမမြင်နိုင်တာတချို့ကို အစိမ်းရောင်မှာမြင်နိုင်သေးတယ်။ ဒါပေမယ့် အားနည်းချက်တော့ ရှိတယ်။ အလင်းရောင်တောက်ပလေလေ ညအမြင်မှာ အားနည်းလေဖြစ်တယ်။ အဲတာက အနီရော အစိမ်းရော အတူဖြစ်တယ်။ အစိမ်းနဲ့ စိမ်းပြာရောင်တွေမှာ ညအမြင်မှာ လူ့မျက်စိက အရောင်တွေကိုတုန့်ပြန်မှု အဆ ၁ဝဝ များတယ်။ အဲတာကြောင့် ပိုသတိထား ဘို့လိုတယ်။

လူတယောက်ရဲ့ အမြင်စွမ်းအားဟာ အလင်းနည်းလယ်ဗယ်တွေမှာ အတော်မတူကြပါ။ အဲတာကြောင့် အသင့်ဆုံး ဆိုတာက မတူကြပါ။ အခြေခံကျတဲ့အချက်ကတော့ အစိမ်းရော အနီပါ လုံလောက်အောင်ကောင်းကြတယ်။ လင်းလွန်းရင်တော့ နှစ်ခုလုံးကမကောင်းကြပါ။

စစ်ရေးမဟုတ်တဲ့နိုင်ငံရေးမှာ အတည့်မြင်နိုင်အောင် မျက်မှန်စိမ်းရော မျက်မှန်နီကိုပါ မတပ်ပဲကြည့်ရပါမယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး