Hello နှုတ်ဆက်စကား အလေးထား

လူသစ်တွေနဲ့ မဖတ်ရသေးသူတွေအတွက် နောက်တခုထပ်တင်ပါရစေ။ မက်ဆေ့နဲ့ ချတ်ဘောက်စ်ကနေ Hell, Hi နဲ့ မင်္ဂလာပါဆိုပြီး ရေးနေတာတွေရနေပြန်လို့ပါ။ နှုတ်ဆက်တာကို ပြန်မပြောရင် ရိုင်းရာကျမှန်းလည်းသိပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ အလာပသလာပပြောချိန်မရှိပါ။

ဘာသာပြန်စာရေးဆရာတယောက်က ပြောတယ်။ မြန်မာလူမျိုးတွေမှာ ပုံသေနှုတ်ဆက်စကားမရှိပါဘူး၊ သင့်သလို ပြောဆိုမေးမြန်းကြတာပဲရှိတာပါ။ မင်္ဂင်္လာပါ ဆိုတဲ့စကားက ပြီးခဲ့တဲ့အစိုးရတွေက တမင်ထွင်ပြီး ပလီခဲ့တာပါ။ အဲသလို နှုတ်ဆက်လာရင် ကျွန်တော်က ပြန်ပြောပါတယ်၊ မာလကာပင်လို့။

ကျွန်တော့်အရင် ပြည်ပရောက်နေသူတဦးကလည်း Good morning နဲ့ မင်္ဂလာပါ မတူတာကို ပြောဘူးတယ်။ သူ့အင်္ဂလိပ်က ကောင်းပါတယ်။ သူ့ကို မြန်မာအချင်းချင်းကနေ မင်္ဂလာပါလို့ နှုတ်ဆက်ရင် စိတ်တိုရော။ How are you? ရဲ့တိုက်ရိုက်အဓိပ္ပါယ်က နေကောင်းလားပါ။ ကျွန်တော်တို့က ပြောနေကြမဟုတ်ပါလား။

အမေရိကားမှာ လူတယောက်နဲ့တယောက်တွေ့ရင် ဒီလိုတွေသုံးနှုန်းပြီးနှုတ်ဆက်ကြပါတယ်။
(က) ပုံစံတကျနှုတ်ဆက်နည်း
• Hello!
• How are you? Howre you?
• How are you doing?
• How ya doin?
• How is everything?
• Hows everything going?

How are you doing? နဲ့ How are you? ကတူတယ်။ What are you doing နဲ့ မတူပါ။ ဘာလုပ်နေသလဲလို့ မေးတာသာဖြစ်တယ်။ နှုတ်ဆက်စကားမဟုတ်ပါ။

(ခ) အလွတ်သဘောနှုတ်ဆက်စကား
• (Hey) Whats up (man/dude/bro/their name)?
• (Hey) Good to see you.
• (Hey) How are things (with you)?
• Hows life been treating you?
• Whats good?
• Whats happening (happenin)?
• (Hey) Hows it going (goin)? အဲလိုပြောလာရင် Its going good. လို့ဖြေပါမယ်။
• Whats cracking (crackin)? ရွယ်တူအချင်းချင်းသာ သုံးသင့်တယ်။ Whats up? နဲ့ အတူတူဖြစ်တယ်။

(ဂ) မတွေ့တာကြာနေသူကို ပုံစံတကျနှုတ်ဆက်ရင်
• It has been a long time.
• Its been too long.
• What have you been up to all these years?
• Its always a pleasure to see you.
• How long has it been?
• Whats new?

(ဃ) မတွေ့တာကြာနေသူကို ပုံစံတကျမဟုတ်တဲ့နှုတ်ဆက်ပုံ
• Long time no see.
• Where have you been hiding?
• Its been ages (since I’ve seen you).
• How’ve you been?

အင်္ဂလန်မှာဆိုရင်
• How do you do? က အများဆုံးသုံးတဲ့ နှုတ်ဆက်စကားဖြစ်ပါတယ်။
• How do you do? လို့ပဲပြန်ပြောကြပါမယ်။
• How are you? နဲ့ How are you doing? ဆိုတာ မေးခွန်းသဘောဖြစ်လို့ Fine, Thanks!, Very well, Thank you လို့ ပြန်ဖြေကြပါမယ်။ ဒါပေမဲ့ အင်္ဂလိပ်လူမျိုးတွေက ဘယ်လိုပြန်ပြောပြော နားလည်ခွင့်လွှတ်ကြပါသတဲ့။

မင်္ဂလာပါဆိုတာ အင်မတန်ယဉ်ကျေးတယ်။ ဘာသာပြန်ရာမှာတော့ မဆီလျှော်လို့ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁-၁၁-၂ဝ၁၄
၂၈-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး