How to ask မေးနည်းစည်းကမ်း

• ကွန်မင့်ကနေ မမေးပါနဲ့။
• အီးမေးလ် doctortintswe@gmail.com ကဖြစ်ဖြစ်၊ မက်ဆေ့ခ်ျကဖြစ်ဖြစ်၊ မက်ဆင်ဂျာကဖြစ်ဖြစ် မေးပါ။
• ဖြစ်တဲ့သူ အသက်-ကျား-မကို အရင်ဆုံးရေးပါ။ နာမည် မလိုပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာ ဘယ်လောက်ကြာ၊ တိုတိုရှင်းရှင်းသာ ရေးပါ။
• အရွယ်ရောက် အမျိုးသမီးဆိုရင် ရာသီ၊ အိမ်ထောင်ရေး (အတူနေ)၊ ကလေး၊ ကိုယ်ဝန်ပြောပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာ ပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာ မဖတ်တတ်ပါ။
• ဖုန်းဆက်ပြီး မမေးပါနဲ့။ အသံဖိုင်နဲ့ ဗီဒီယိုဖိုင်လည်း မပို့ပါနဲ့။
• အညစ်အကြေး၊ သွေးဆင်း၊ ကိုယ်ဝန်ပျက်၊ လိင်အင်္ဂါပုံတွေ မပို့ပါနဲ့။
• ဆရာဝန်ကို အဘ-ဦးလေး-အကို စသလို အမျိုးတပ်မခေါ်ပါရန်။ မေးတဲ့သူကလည်း သမီး-သားလို့ မရေးကြပါရန်။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ်တွေကို မသိပါ။
• ဗမာဆေး၊ တိုင်းရင်းဆေး၊ ဘယဆေး၊ တရုပ်ဆေး၊ ကုလားဆေးတွေကို မမေးပါနဲ့။
• ဆရာဝန်ပြရမလား နဲ့ စိုးရိမ်ရသလား မေးတာကို မဖြေပါ။
• မေးနည်းစည်းကမ်းပါ အချက်အလက်တွေ မပြောလိုသူတွေက http://doctortintswe.blogspot.com/ ဘလော့မှာ မြန်မာလို အင်္ဂလိပ်လို စာရိုက်ရှာနိုင်ပါတယ်။

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ။ စည်းကမ်းရှိကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး