I really love to vote လူကြည့်ပြီး မဲပေးတယ်

အခု မင်းတိုင်ပင်မှာ အနုပညာသည်တွေ ဖျော်ဖြေမဲဆွယ်နေကြပြီ။ မင်းတိုင်ပင်မရောက်ခင် ပုလဲအထွက် လက်ပုကန် နားလောက်မှာ ပြည်ခိုင်ဖြိုးက ကား အစီး ၃ဝ လောက်နဲ့ အပြိုင်သီဆိုနေကြသတဲ့။ မနေ့ညကတည်းက ကားအစီး ၅ဝ နဲ့အားပြမယ်ဆိုတဲ့သတင်းက ရထားပြီးသား။

မုံရွာကနေ အဆိုတော်တွေလာတဲ့လမ်းတလျှောက်မှာလည်း ရွာတိုင်းကနေထွက်ကြိုကြတယ်။ ယင်းမာပင်ရဲကနေ ကူညီလမ်းရှင်းပေးရသတဲ့။

သုံးသပ်ကြတာကတော့ စစ်ကိုင်းတိုင်းမှာ ပြည်ခိုင်ဖြိုးထဲက အကြီးစား ၂ ယောက်ရဲ့နေရာတွေက ဘုတလင်နဲ့ ပုလဲ။ မုံရွာနားကချည်းပဲ။ ဘုတလင် မောင်းထောင်ပွဲကလည်း စည်ကားသိုက်မြိုက်၊ မုံရွာဆို သူများတွေလိုက်မမီလောက်ဘူး။ မင်းတိုင်ပင်မှာလည်း ဝက်ဝက်ကွဲ။ အဲတော့ ဗိုလ်ကျော်ဆန်းအနေနဲ့တော့ အင်အားပြခွင့်ရလိုက်လို့ နည်းနည်းတော့ ကျေနပ်ကောင်း ကျေနပ်မယ်တဲ့။ ဗိုလ်သာအေးကတော့ နားရွက်တံတွေးဆွတ်ခံလိုက်ရသတဲ့။

မုံရွာက စာရေးဆရာတယောက်က ရေးထားတယ်။ ဒါတောင် ရေမချိုးရသေးဘူးနော်၊ ဒေါ်စုလာတာ မဟုတ်သေးဘူးတဲ့။

အဲတာပဲပေါ့ဗျာ လူကြည့်ပြီး မဲမပေးပါနဲ့ဆိုတာ။ ကျွန်တော်တော့ မဲပေးကြမယ့်လူတွေကြည့်ပြီး မဲပေးချင်လာပြီ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး