Lessons during election campaign အမေစုကို ချစ်အုံးဟဲ့

ထန်းတောကြားက မဲပေးနည်းပြတဲ့ကား၊
ထန်းပလပ်ပြားနဲ့အရိုက်ခံရတဲ့ကျောင်းသူကျောင်းသား၊
ရွေးကောက်ပွဲကြီး သခင်ခန်းစာများ။

၁။ တောကြို အုံကြား ပြည်သူများဆီ တက်ကြွလှုပ်ရှား၊ ပြည်သူများ မဲပေးနည်းစနစ်နဲ့ မဲပေးဖြစ်အောင်ပေးဖို့ နှိုးဆော်ကြစို့ဗျား။

၂။ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာမှာ ကျောင်းသူကျောင်းသားတွေကို ကျောင်းအုပ်ကြီးက ထန်းပလပ်ပြားနဲ့ရိုက်ပြီး ဆုံးမသတဲ့။ ပြစ်မှုကတော့ ဒေါ်စုတို့အဖွဲ့ကို သွားကြိုလို့တဲ့။

ကျောင်းသူတယောက်က ကျမတို့ ၁၄ ရက်မှာ အတန်းပိုင်ကိုခွင့်တိုင်တော့ ကျောင်းအုပ်ကြီးကိုတိုင်ဘို့ ပြောပါတယ်ရှင့်။ ၁၅ ရက်နေ့မှာ ကျောင်းအုပ်ကြီးက ကျောင်းမလာပါရှင့်။ ကျမတို့က အမေစုကိုသွားကြိုကြပါတယ်ရှင့်။ ၄ တန်းနဲ့ ၈ တန်း ကျောင်းသူကျောင်းသား ၄ဝ လောက်ကို ထန်းပလပ်ပြားနဲ့ ရိုက်ပါတယ်ရှင့်။

ကျောင်းအုပ်ကြီးဖြေရှင်းချက်က ကျောင်းစည်းကမ်းနဲ့ စာမေးပွဲနီးလို့ပါ။ တိုင်တဲ့ကျောင်းသားမိဘတွေရဲ့ ကာရိုက်တာနဲ့  စရိုက်ကိုကြည့်ပါ။ ဘွဲ့ဘယ်နှစ်ယောက်ရှိသလည့်း့။

ကျောင်းသားမိဘတွေက တရားမျှတမှုကိုရချင်ပါသတဲ့။

ကျောင်းအုပ်ဆရာကြီးက အမေစုကိုချစ်အုံးလို့ပြောပြီး ရိုက်ပါသတဲ့။

ဒေါက်တာတင့်ဆွေ
၂၃-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး