Mischievous operation မဟာဒုတ်နဲ့ မဟာယုတ်

ဆရာ့ ဦးကျော်ဆန်းကတော့ ယုတ်မာတော့မယ်။ လာမဲ့သီတင်းကျွတ်လပြည့်ကျော် (၃) ရက်နဲ့ (၄) ရက်မှာပွဲရှိတယ်။ ၁-၁၁-၂ဝ၁၅ နောက်ညပွဲမှာ ရိုက်ပွဲလုပ်ပြီး၊ ပုလဲမဲဆန္ဒနယ် မငြိမ်မသက်ဖြစ်လို့ ရွေးကောက်ပွဲ ဖျက်သိမ်းအောင် စီစဉ်မလို့တဲ့ဆရာ။ သူ့အတွင်းလူတွေကိုက သဘောမကျပြီး တိုးတိုးတိတ်တိတ်ပွင့်လာတဲ့ သတင်းပါဆရာ။ ဆရာ့အနေနဲ့ ပွဲကိုလူမလာအောင် ပို့စ်တင်ပေးလို့ရလားဆရာ။

ဘာပွဲလည်း။ အနုပညာရှင်တွေလာမယ့်ပွဲလား။

မဟုတ်ပါဆရာ။ ဆင်မြတ်ရှင်ဘုရား မဟာဒုတ်ပွဲလို့ရေးဖို့ သတိမေ့သွားတာပါဆရာ။ ပုလဲမှာ ညပွဲလို့ပြောပါတယ်။

ကျွန်တော် ပုလဲမှာမြို့နယ်ဆရာဝန်ဖြစ်တဲ့နှစ်မှာ ပုလဲဆေးရုံက မဟာဒုတ်မဲပေါက်ပါတယ်။ ဝမ်းသာလိုက်တာ ဘာပြောကောင်းမလည်း။ မဟာဒုတ်ပွဲဆိုတာ ဝါခေါင်လမှာလုပ်ပါတယ်။ မိုးလေကင်းရှင်းချိန်ကျမှ ပွဲခင်းကြတာများတယ်။ ကျွန်တော်တို့လည်း သည်အချိန်လောက်မှာ ပွဲခင်းခဲ့တာပါ။

အလွန်ဆင်းရဲတဲ့ လယ်သမားဇနီးမောင်နှံနေထိုင်ရာရွာကို ဘုရားရှင်နဲ့သံဃာတော်တွေကြွလာတဲ့အခါ ဆွမ်းကပ်ဖို့ရာ တအိမ်တပါးကျ မဲချတယ်။ လင်မယားနှစ်ယောက် အပတ်တကုပ်အလုပ်ကြိုးစားလုပ်ပြီး၊ ဆွမ်းကပ်နိုင်အောင် အသပြာငွေ စုထားကြတယ်။ ကံဆိုးချင်တော့ သူတို့အလှည့်မှာ သံဃာကုန်သွားတယ်။

မဟာဒုတ်လည်းအရဲစွန့်ပြီး ဘုရားရှင်ရဲ့သပိတ်တော်ကို ချီးမြှောက်ပါဘုရားလို့ လျောက်ထားတဲ့အခါ မြတ်စွာဘုရားက မဟာဒုတ်လက်ထဲ သပိတ်ကိုထည့်လိုက်တယ်။ ဆင်းရဲသားလင်မယား မြတ်စွာဘုရားရဲ့ သပိတ်တော်ရသွားတာကို သူဌေးသူကြွယ်တွေက ရွှေငွဥစ္စာပေးပြီး အလဲခိုင်းကြပေမယ့် မဟာဒုတ်က သူ့သဒ္ဓါကို အသပြာနဲ့မလဲခဲ့ပါ။

မြတ်စွာဘုရား ဆွမ်းအနုမောဒနာတရားဟောအပြီးမှာ မဟာဒုတ်တို့ ဇနီးမောင်နှံနှစ်ဦး သောတာပန်တည်ကြတယ်။ မဟာဒုတ်တို့နေအိမ်ပေါ်မှာ ရတနာမိုးကြီးလည်းရွာချပါသေးတယ်။

ဗိုလ်ကျော်ဆန်းနဲ့အပေါင်းပါတွေအိမ်ပေါ်မှာ ရတနာမိုးရွာနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး