Mistakes ဘယ်သူတွေက ပိုမှားသလည်း

သတင်း = ချင်းပြည်နယ်မှာ မဲစာရင်းတွေ အကြီးအကျယ်မှားနေ (ဘီဘီစီ)

ဖေ့စ်ဘွတ်မှာရေးနေတာတွေနဲ့ ကျန်းမာရေးမေးခွန်းတွေမှာ သတ်ပုံအမှားတွေ တွေ့တိုင်းလိုလို သတ်ပုံနဲ့ဆိုင်တာလေးတွေ ရေးပါတယ်။ ကျွန်တော်လည်း အလွဲအမှားတွေရေးတတ်ပါတယ်။ ထောက်ပြပေးလာရင် ပြင်ပါတယ်။ ကိုယ်တိုင် ပြန်ဖတ်ရင်းလည်း ပြင်ပါတယ်။

မြန်မာစာသတ်ပုံမှာ အခက်အခဲနှစ်ခုရှိတယ်။ (၁) လူအများစုက ဖုန်းသေးသေးလေးတွေကနေ စာရိုက်ရတဲ့ အခက်အခဲ။ အဲတာကိုတော့ နားလည်ယူနိုင်ပါတယ်။ (၂) အလွဲတွေကို မှန်တယ်လို့ထင်နေတဲ့ ပညာရေးစနစ်အမှား။ မြန်မာသတ်ပုံကို ဘယ်ဟာက အမှန်လည်းလို့ပြောစရာ မရှိသေးပါ။ ဦးနေဝင်းအာဏာယူကတည်းက အစိုးရကနေသတ်မှတ်ထားတဲ့ သတ်ပုံတွေမှာ အလွဲတွေရှိနေတယ်။

• Burmese Spelling မြန်မာသတ်ပုံ
• Correction အမှားကို အားမပေးစေချင်ပါ
• Grammar and Spelling ဆရာတင်မိုး မှတ်ချက်
• Grammar and Spelling မြန်မာစာ သဒ္ဒါနဲ့ သတ်ပုံ
• Insult အမှားနဲ့စော်ကားခြင်း
• Lion spelling ခြင်္သေ့သတ်ပုံ
• Misspelling အမှားကိုဖျက်ပါ၊ မမှန်တဲ့အကျင့်ကိုဖြတ်ပါ
• Mistakes and Blunders အမှားတွေပြင်ကြအောင်
• Spelling again and again သတ်ပုံက ဖျက်နေသည်
• Spelling by force ရေးတော့အမှန် ဖတ်တော့အသံ၊ အာဏာနဲ့တော့ ကပြောင်းကပြန်
• Spelling Comments (1) သတ်ပုံမှား ကွန်မင့်များ (၁)
• Spelling Comments (2) သတ်ပုံမှား ကွန်မင့်များ (၂)
• Spelling error မှားရေးမိတာလား၊ အမှားကိုအမှန်ထင်နေတာလား
• Spelling kills သတ်ပုံက တကယ်သတ်နေတယ်
• Spelling သတ်ပုံအကြံပြုချက်
• Spelling အစိုးရသတ်ပုံတော့ ပြောမနေနဲ့

မသိလို့မှားရတဲ့အမှားနဲ့ မှားမှန်းမသိလို့အမှားရေးမိတာအပြင် တမင်မှားအောင်ကိုလုပ်တာလည်း ရှိပါသေးတယ်။ ဥပမာ ရွေးကောက်ပွဲကော်မရှင်ရဲ့ အမှားတွေလောက်တော့ ဖေ့စ်ဘွတ်မှာစာရေးသူတွေက မဆိုးလှပါ။ ကျောင်းသားတွေက မှားဖြေရင် အမှတ်နည်းကြတယ်။ ကော်မရှင်ကတော့ အမှားများလေလေ သူတို့လိုချင်တဲ့မဲရလေလေ။

ဒေါက်တာတင့်ဆွေ
၂၆-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး