Myanmar elite enriched by jade မြန်မာအာဏာပိုင်တွေ ကျောက်စိမ်းနဲ့ချမ်းသာနေ

မြန်မာနိုင်ငံကိုအုပ်စိုးနေသူများဟာ ဝင်ငွေကောင်းလှတဲ့ ကျောက်စိမ်းရောင်းဝယ်ရေးမှာ အဓိကအခန်းကနေ ပါနေကြတယ်။ အဲတာကို နိုင်ငံတကာ အကတိလိုက်စားမှုတဆန့်ကျင်ရေးအဖွဲ့ Global Witness ကနေ ထုတ်ဖေါ်လိုက်တာဖြစ်ပါတယ်။

အာဏာရှင်ဟောင်း ဗခမက သန်းရွှေနဲ့ ထိပ်တန်း အစိုးရအရာရှိကြီးတွေဟာ ကျောက်စိမ်း မှောင်ခိုလုပ်ငန်းကနေ ၂ဝ၁၄ တနှစ်အတွင်း  ဒေါ်လာ ၃၁ ဘီလီယန်အမြတ်အစွန်းရခဲ့တယ်လို့ ခန့်မှန်းရတယ်။ အဲဒီပမာဏဟာ တိုင်းပြည် အသားတင် ထုတ်ကုန်တန်ဘိုးထက်ဝက်နဲ့ညီမျှပါတယ်။ ၂ဝ၁၃-၁၄ အတွင်းမှာ တရားဝင် ကျောက်စိမ်းရောင်းရငွေက ဒေါ်လာ ၁ ဘီလီယန် ရှိခဲ့တယ်။

ကျောက်စိမ်းဟာ ကချင်ဒေသကနေအများဆုံးထွက်တယ်။ အဲဒီမှာ တိုက်ပွဲတွေဖြစ်နေတာ နှစ်ပေါင်းကြာလှပြီဖြစ်ပါတယ်။ ကျောက်စိမ်းမိုင်းတွင်းဝန်းကျင်မှာ အသက်ဆုံးနိုင်လောက်အောင် အန္တရာယ်တွေရှိတယ်။ မူးယစ်ဆေးဝါးနဲ့ ပြည့်တန်းဆာ လုပ်ငန်းဟာ ထူပြောတယ်။ သေနတ်နဲ့ စက်ယန္တယားတွေရှေ့ကမှာ တွေ့တာဆိုရင်တော့ မြေသိမ်းမယ်။ အကြမ်းပတမ်း လုပ်ခံရမယ်။ နှိပ်စက်ခံရမယ်။ ကချင်မှာတာဝန်ကျတဲ့စစ်တပ်ဟာ ပြန်ပေးဆွဲတာနဲ့ ငွေတောင်းတာကို လုပ်ကြတယ်။

အစိုးရကျောက်မြက်ရောင်းဝယ်ဌာနရေးအရာရှိကိုယ်တိုင်က ကျောက်စိမ်းတွေ တနှစ်မှာ ၂ ခါ တရားဝင် လေလံတင်နေပေမယ့် မှောင်ခိုကြတာကိုလည်းဝန်ခံတယ်။ တရပ်ပြည်ဖက်ကိုမှောင်ခိုထုတ်ဘို့ကြ ဒေသခံ လက်နက်ကိုင်အဖွဲ့က ကူညီနေတယ်။ ကေအိုင်အေကို ရည်ရွယ်တဲ့သဘောဖြစ်ပါမယ်။

လာမယ့်နိုဝင်္ဘာရွေးကောက်ပွဲကို နိုင်ငံတကာအနေနဲ့ ကျောက်စိမ်းမှောင်ခိုရောင်းဝယ်ရေးအပေါ်မှာ ပြုပြင်ပြောင်းလဲရေး လုပ်စေဘို့ တောင်းဆိုစရာအခွင့်အလမ်းဖြစ်သင့်တယ်လို့ Global Witness ကထောက်ပြပါတယ်။

အမေရိကန်ပြည်ထောင်စုကနေ ဒဏ်ခတ်အရေးယူမှုတွေ အများအပြားကို ပယ်ဖျက်ပေးလိုက်ပေမယ့် ကျောက်စိမ်းကို ဆန်ရှင်လုပ်ထားဆဲဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး