Read between the lines

မပြောမပြီး မတီးမမည်ဆိုတဲ့အဆုံးအမအရ ရေးသင့်တာတွေရေးပါတယ်။ ရေးတာမှန်သမျှလည်း (ဘလိုင်း) မရေးပါ။ ကောင်းတာရော ဆိုးတာတွေမှာ အကိုးအကားတွေပါတယ်။

မရေးတာတွေထဲမှာ အားတက်ကျေနပ်စရာတွေတွေ့တယ်။ အလွဲတွေဝါဒဖြန့်ထားတဲ့ အမှားတွေလည်းတွေ့တယ်။
ဒါပေမယ့် သိတိုင်းလည်း ပြောမဖြစ်ပြန်ပါ။ စကားကြီးခြောက်ခွန်း လူ၌ထွန်း လေးခွန်းကိုပယ် နှစ်ခွန်းလွယ်။

ကျွန်တော်က ခွဲစိတ်တာဝါသနာပါတဲ့ဆရာဝန်မို့ တမျိုးမြင်တယ်။ တော်တဲ့ခွဲစိတ်ဆရာဝန်ဆိုတာ ဘယ်လိုခွဲရမယ်ကိုသာ သိသူမဟုတ်၊ ခွဲစရာမလိုတာကိုပါ သိသူဖြစ်တယ်။

အဲတော့ ရေးတာမဖတ်ရပေမယ့် ကြိုးစားနေသူတွေမှာ အားပိုတက်စရာတွေရှိတယ်။ အလိမ်တွေကိုဖြေစရာ ဒိထက်မက ရှိတယ်လို့လည်း မှတ်ယူပါ။

ဒေါက်တာတင့်ဆွေ
၂၂-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး