မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Saturday, January 7, 2017

Tamarind tree ရွာထိပ်က မန်ကျည်းပင်

ရွှေ ပေါက် = အောက်မေ့စရာပုံရိပ်လေးပါဆရာ။ တချီတချီ မတွေ့ရတော့ စိတ်မကောင်း၊ မျှော်မိကြောင်းပါဆရာ။

ရွာထိပ်က မန်ကျည်းပင် မဖတ်ဖူးသေးဘူးထင်တယ်။

ရွှေ ပေါက် ပြန်တင်ပေးပါဆရာ။ မဖတ်ရသေးပါ ။

တပတ်မှာ တခါလောက်လာတတ်တဲ့ ကွန်မင့်မျိုးရှိတယ်။ ဆရာ့ ပို့စ်တွေ ပျောက်နေတယ်။ နေကောင်းပါသလားခင်ဗျာ။

ရွာထိပ်မှာ မန်ကျည်းပင်ကြီးတပင်ရှိတယ်။ မြို့ကိုသွားပြီး အလုပ်လုပ်နေတဲ့ရွာသား တခါတလေမှာ ရွာကိုအလည်ပြန်တော့ အင့်း့ မန်ကျည်းပင်ကြီး မတွေ့တာကြာပြီတဲ့။

မြို့သွားကျောင်းနေတဲ့ တောသူကလည်း နွေရာသီမှာ ရွာကိုအလည်ပြန်လာတော့ မန်ကျည်းပင်ကြီး အိုင်မစ်ယူတဲ့။

မန်ကျည်းပင်ကြီးကနေ ပြန်ပြောပါတယ်။ မိတူးရေ့ မီတူးတဲ့။

သူတို့တတွေ မြို့ပြန်သွားကြတော့ နှုတ်ဆက်သွားဖေါ်မရ။ အပင်အိုကြီးကတော့ ပြောရှာတယ့့် မန်ကျည်းသီးယူတဲ့။

ဒေါက်တာတင့်ဆွေ
၇-၁-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.