Vote for school lunch နေ့လည်စာအတွက် မဲပေးပါ

• နေ့လည်စာ ထမင်းချိုင့်၊ စာရေးရတဲ့လက်ကလေးနဲ့နှိုက်၊
• ဗိုက်ဝရင်တော်လှ၊ စားချင်တာမစားရ နေ့တိုင်းလိုသာပ၊
• မူလတန်းကတည်းကစရတာ ဘဝသင်္ခန်းစာ၊
• ငါကြီးလာရင်ဘာလုပ် ခရိုနီကြီး မလုပ်၊
• နေပြည်တော်သားကြီး မလုပ်။

• လူကြီးတွေပြောနေတာကြား၊ စစ်သားတဲ့၊ နိုင်ငံခြားသားတဲ့၊
• အသားဖြူဖြူ ဗမာစကားမတတ်သူ၊ ဒီလူတွေက မိုးပေါ်ကကျ၊
• ကျွန်တော့်နေ့လည်စာနဲ့ ဆိုင်သလားဗျ။

• ထမင်းကြမ်းဖြူဖြူ၊ ဆီမကူ ဆားမပါ၊
• အမေ့စေတနာ၊ အဖေ့လုပ်စာနဲ့တိကျ၊
• ဒီမိုကရေစီသာရရင်တော့၊ နေ့လည်စာတမင်းမှာ ဟင်းတခွက်ပါစေရမယ်ပေါ့လို့၊
• ဒို့မူလတန်းကျောင်းသားဂျင်နရေးရှင်း၊ အားခဲလို့သာတင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး