‎ASEAN‬ အိမ်တိုင်ယာရောက် အရောက်လာ၊ အရာရောက်ကြရဲ့လား

‪လွန်ခဲ့တဲ့ ၁ နှစ်တိတိကတင်ခဲ့တာကို ဖေ့စ်ဘွတ်က အသိပေးတာဖြစ်ပါတယ်။

• “ဒီမိုကရေစီအရေး ဒို့အရေး”၊ “နိုင်ငံရေးအကျဉ်းသား လွှတ်ပေး”၊ “အာဏာရှင်စနစ် ကျဆုံးပါစေ” လို့ ကျွန်တော်တို့ ပြည်ပတိုင်းပြည်တွေက လမ်းတွေပေါ်မှာ နှစ်ပေါင်းများစွာ အော်ခဲ့ကြတယ်။
• “စစ်အစိုးရကနေ လူထုအပေါ်နဲ့ တိုင်းရင်းသားတွေအပေါ်မှာ လူ့အခွင့်အရေးတွေ ချိုးဖေါက်နေပါတယ်”။ “၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရအမတ်တွေအပေါ်မှာလဲ လူ့အခွင့်အရေးတွေချိုးဖေါက်နေပါတယ်”။ “စစ်အစိုးရအပေါ် ဒဏ်ခတ်အရေးယူပေးပါ” လို့ နိုင်ငံတကာကိုလှည့်ပြီး ပြောခဲ့၊ ဟောခဲ့၊ တင်ပြခဲ့ကြရတယ်။
• ကုသသမဂ္ဂအထွေထွေညီလာခံ၊ လူ့အခွင့်အရေးညီလာခံကနေ “မြန်မာစစ်အစိုးကို ပြင်းထံတဲ့ ဆုံးဖြတ်ချက်တွေ ချပေးပါလို့ နယူးယောက်နဲ့ ဂျနီဗာကို တနှစ်တခါ သွားသွားပြီး ပြောခဲ့ကြရတယ်။
• “အာစီယန်ကနေ စစ်အစိုးရကို လက်မခံပါနဲ့၊ ဒီမိုကရေစီဘက်မှာနေပေးပါ” လို့ အာစီယန်နိုင်ငံတွေဆီ တခုပြီးတခု သွားပြောခဲ့ရတယ်။
• ဟော့ အခု နိုင်ငံတကာဆိုတာတွေ၊ အာစီယန်နိုင်ငံတွေ မြန်မာပြည်မှာရောက်လာကြပါပြီ။ သူတို့တတွေကို ဘယ်သူတွေက ဘာတွေပြောနေကြပါသလဲ။
• စစ်အစိုးရကလူတွေကသာ အဲဒီလာတဲ့သူတွေကို သူတို့လိုချင်တာ၊ ဖြစ်ချင်တာတွေပြောနေကြပါလား။
• ကျွန်တော်တို့ဖက်သားတွေကတော့ ဖေ့စ်ဘွတ်မှာသာ ပြောနေကြရပါလား။
• အော့့် ဒါလဲ အပြောင်းအလဲဘဲကိုး။ အာဏာရှင်စနစ် မကျဆုံးသေးပါ။ ။

ဒေါက်တာတင့်ဆွေ
၁၂-၁၁-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး