Bhagvad Gita above Constitution ဖွဲ့စည်းပုံအခြေခံဥပဒေအထက်မှာ (ဘဂဗဒ် ဂီတ) ရှိတယ်

• အိန္ဒိယမှာ အခုတက်နေတဲ့ ဟင်ဒူဘာသာရေးဦးစားပေး (ဘီဂျေပီ) အစိုးရ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj (ဆုရှမာ ဆွာရာ့ခ်ျ) ကနေ Bhagvad Gita Prerna Utsav (ဘဂဝါ ဂီတ) မွေးနေ့မှာ Bhagvad Gita (ဘဂဝါ ဂီတ) ကို နိုင်ငံတော် သမ္မာကျမ်းအဖြစ် သတ်မှတ်သင့်တယ်လို့ ပြောချလိုက်ပါတယ်။
• Bhagavad Gita (ဘဂဗဒ် ဂီတ) ဆိုတာ Mahabharata (မဟာဘာရထ) မော်ကွန်းရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ သီချင်းလင်္ကာပေါင်း ၇ဝဝ ပါတယ်။
• အတိုက်အခံတွေက အိန္ဒိယရဲ့ကျမ်းစာဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသာ ဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။
• အကြံပြုချက်ကို ထောက်ခံတဲ့ပြည်နယ်ဝန်ကြီးချုပ်တဦးကတော့ (ဘဂဗဒ် ဂီတ) ကို အခြေခံဥပဒေအထက်မှာ ရှိတယ်လို့ ဆိုလိုက်ပါတယ်။
• မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအထက်မှာ ဘာရှိနေပါသလဲ။ (မဟာဂီတ) တော့ မဟုတ်လောက်ပါ။ စစ်ချီဂီတလား။ တရုပ်ပညာရှင် (ဆွန်ဇူး) ရဲ့ စစ်ရေး မဟာဗျူဟာ-နည်းဗျူဟာ ကျမ်းလား။

ဒေါက်တာတင့်ဆွေ
၈-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး