Bitter pills ဆေးခါးကြီး

နားတော့မငြီးကြနဲ့ပေါ့ဗျာ။ VOA က နောက်တခုမေးလို့ ဖြေခွင့်ရပါသေးတယ်။ ဒေါ်စုကနေ အမတ်သစ်တွေကို စည်းကမ်းလမ်းညွှန်တွေချမှတ်တာက ကြမ်းလွန်းမနေဘူးလားတဲ့။ လိုက်နိုင်ကြပါ့မလားတဲ့။

ကျွန်တော်အမြင်က ရိုးရိုးဆေးကုမရလို့ ဓါတ်ကြမ်းတိုက်သလို မဟုတ်ပါ။ အမှန်တကယ်ပြောင်းလဲဘို့ဆိုတဲ့ မဲဆွယ်ကာလ စကားနဲ့အညီ အမတ်တွေကအစ ပြောင်းကြဘို့ပြောလိုက်တာဖြစ်တယ်။ တနည်းအားဖြင့် မြန်မာပြည်မှာ အဲလိုဆေးခါးကြီး တိုက်ဘို့လိုနေတယ်ဆိုတာကို ပြတာဖြစ်တယ်။

၁ဝဝ% လိုက်နိုင်ကြမယ်လို့တော့ အာမမခံပေမယ့် အမတ်သစ်တွေအားလုံးဟာ အင်ပြည့်အားပြည့်လုပ်ကြမယ်လို့ တထစ်ချယုံကြည်ပါတယ်။ ဒါ့ပြင် နောက် ၅ နှစ်ဖြစ်ဖြစ်၊ ကြားဖြတ်ဖြစ်ဖြစ် အရွေးခံကြအုံးမယ့် အမတ်လောင်းတွေပါ ခုကတည်းက အိမ်စာလုပ်ကြဘို့ နှိုးဆောင်ချက်လို့ပါယူဆပါတယ်။

အိန္ဒိယနမူနာ အဆိုးတခုနဲ့ အကောင်းတခုကို ပေးပါရစေ။ ၂ဝ၁၄ အိန္ဒိယရွေးကောက်ပွဲမှာ မဲနဲ့တက်လာတဲ့ အမတ်သစ် ၃ ဦးမှာ ၁ ဦးက ရာဇဝတ်မှုမကင်းကြပါ။ ကျွန်တော်တို့လူတွေမှာက ၁ဝဝ% ကင်းကြတယ်။ ကောင်းတာတခုက အိန္ဒိယ ပါလီမန်အတွင်းဝန်ရုံးအောက်မှာ အမတ်သင်တန်းရှိတယ်။ မြန်မာပြည်မှာလည်း ရှိစေချင်တယ်။ NLD ပါတီက မဟုတ်သူတွေကိုပါ အကျိုးများစေပါမယ်။

အမတ်တွေမှာသာ အရည်အချင်းတိုးတက်ဘို့လိုတာမဟုတ်ပါ။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွဲဖက် ဆက်စပ် လုပ်ကြရမယ့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ မီဒီယာနဲ့ လူမှုအသင်းအပင်းတွေပါ အရည်အချင်း တိုးတက်ဘို့နည်းလမ်းတွေနဲ့ ပြင်းပြင်းထံထံကြိုးစားကြဘို့ လိုတယ်လို့ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး