Certified လက်မှတ်ရ

ဟိုဖက်က ပြောနေကြတယ်၊
နိုင်ရင်လည်းနိုင်ရမယ်၊ ရှုံးရင်လည်းနိုင်ရမယ်။

ကျုပ်တို့ကတော့ ရွေးကောက်ပွဲသုတမကြွယ်၊
ပယ်မဲ၊ ဝယ်မဲ၊ ဆွယ်မဲ၊ ခိုးမဲ၊ ကြိုတင်မဲ၊ မပေးရတဲ့မဲ၊ ဒါပဲသိတယ်။

သူတို့က တရားစခန်းအပြန်မှာ အောင်လက်မှတ်ပါလာတယ်။
သူတို့က သောတာပန်ဒီဂရီ ချီးမြှင့်တဲ့ဆီက ဘွဲ့ယူထားတယ်။

မြန်မာပြည်ကြီးမှာ ရှေးဦးသူနာပြုတတ်သူလိုနေပါတယ်။
ကြက်ခြေနီသင်တန်းဆင်းလက်မှတ်မလို၊ ပတ္တီးစည်းတတ်ဘို့လိုတယ်။

ဒေါက်တာတင့်ဆွေ
၆-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး