D-Day and H-Hour ဒီနေ့ ဒီအချိန်မှာ

ဒုတိယကမ္ဘာစစ်ကြီးအတွင်းက မဟာမိတ်တပ်တွေ ပြင်သစ်နိုင်ငံ နော်မန်ဒီကမ်းကိုတက်ကြဘို့ ကြိုတင်သတ်မှတ်ထားတဲ့ နေ့နဲ့ နာရီကို D-Day and H-Hour လို့ခေါ်ပါတယ်။ အဲဒိနောက်မှာ ဘယ်မှာ ဘာလုပ်လုပ် ကြိတင်သတ်မှတ်ထားတဲ့ရက်နဲ့ အချိန်ကို သည်လိုပဲခေါ်ကြတော့တယ်။ တနှစ်ကြာအချိန်ယူပြီး ၅-၆-၁၉၄၄ နေ့မှာ နော်မန်ဒီကမ်းခြေကိုတက်ခဲ့ကြတယ်။

D-1 ဆိုရင်အဲဒီသတ်မှတ်ထားတဲ့ရက်ရောက်ဘို့ ၁ ရက်သာလိုတော့တယ်။ H-2 ဆိုရင် သတ်မှတ်ထားတဲ့နာရီရောက်ဘို့ ၂ နာရီသာလိုတော့တယ်။

မြန်မာပြည်က ဒီ-ဒေး = ၈-၁၁-၂ဝ၁၅ နဲ့ ဒီ-အာဝါ = နံနက် ၆ နာရီတိတိ။

ဒေါက်တာတင့်ဆွေ
၆-၁၁-၂ဝ၁၅

Comments

  1. မြန်မာနိုင်ငံမှာ (ယ ရက်) နဲ့ (န နာရီ) လို့သုံးပါတယ်ဆရာ။ မရောက်ခင်တစ်ရက်ကို (ယ-၁)၊ မရောက်ခင် တစ်နာရီကို (န-၁)ပါ

    ReplyDelete

Post a Comment

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး