Dear Madam ကျောင်းအမရေ့

အစိုးရသစ်မှာ ရှင်းစရာအရှုတ်ထုပ်တွေက များတယ်။ ဖဆပလ လက်ထက်ကလို သောင်းခြောက်ထောင်လို့တော့ တင်စားမပြောလိုပါ။ ဒါပေမယ့် တန်ဖိုးကတော့ အလေးချိန်အတူတွက်ရင် ရွှေတကျပ်သား ၂ဝဝ နဲ့ ခြောက်သောင်းခွဲ ကွာခြားသလိုပါပဲ။

နမူနာပြစရာ အထုပ်ကြီးနှစ်ထုပ်ကတော့ ရိုဟင်ဂျာနဲ့ ငြိမ်းချမ်းရေး။

အစိုးရဟောင်းလက်ထက်ကလုပ်ထားသမျှ ပြောင်းပြန်လှန်တဲ့ဖေါ်မြူလာသုံးမှာမဟုတ်ပါကြောင်း ရေးထားပါတယ်။ တဖက်သပ် ဖုတ်ပူမီးတိုက် လုပ်လိုက်တဲ့ဥပဒေတွေကို ပြန်ပြင်မှာ၊ လက်မှတ်ထိုးတာတွေကို ဘေးချိတ်မှာလို့တော့ တန်းမထင်လိုက်ပါနဲ့။

ဖဆပလ ထက်ခက်တာရှိနေတာလည်း သတိပြုကြပါ။ အဲဒီအရေးကြီးတွေဟာ ကာကွယ်ရေးနဲ့ ပြည်ထဲရေးက အဓိက ဆိုင်နေတယ်။ ဝန်ကြီးနှစ်ပါးစီကို ကာချုပ်ကသာခန့်ပါမယ်။ ဒီမိုကရေစီအစိုးရဆီက ဘာလာလာ ကာထားမယ်။ ချုပ်ထားမယ်။

ထင်သာထင် မဝင်ဘူးကျောင်းအမရေလို့တော့ မပြောကြနဲ့။

ဒေါက်တာတင့်ဆွေ
၂၃-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး