How to Swallow Bitter Medicine ဆေးခါးကို ဘယ်လိုသောက်မလည်း

ဆေးအများစုဟာ အဝင်ဆိုးတယ်။ ခါးတယ်။ သည်အတိုင်သောက်လို့ခက်တယ်။ ပျို့အန်ထွက်မယ်။ မျိုမကျလောက်ဘူး။ သုတေသနလုပ်ထားတယ်။ ဘယ်မျိုးဗီဇကနေ အဲလိုဖြစ်စေသလည်း။ ကလေးတွေက ခါးတာကို ပိုပြီးမခံနိုင်ကြဘူး။

အဝင်သက်သာနည်းတွေသုံးရတယ်။ ဆေးပြားအပေါ်ယံမှာ သကြားအုပ်ထားရတယ်။ ဥပမာ ဖျူရာမင်ဘီစီ သံဓါတ်ဆေး၊ ဗီတာမင်ဘီဆေး။ ဆေးတောင့်လို့ခေါ်ကြတဲ့ ကက်ပစူးလ်ခေါ် အဖုံးထဲမှာဆေးမှုံ့ထည့်ပေးထားရတယ်။ ဥပမာ အမောက်ဆာဆလင်။ တက်ထရာဆိုက်ကလင်း။ ဆေးရည်ကို အချိုရည်ရောထားတယ်။ Syrup နာမည်ပါရင် အဲတာမျိုးပဲ။

ငှက်ဖျားဆေး Quinine (ကွီနင်း) ကို ဆေးခါးကြီးလို့ သတ်မှတ်ခဲ့ကြတယ်။ ငှက်ဖျားကို ရောဂါတွေရဲ့ဘုရင်လို့ တင်စားကြတယ်။ အလက်ဇန်းဒါးစစ်ဘုရင်လည်း အသက် ၃၃ နှစ်သာရှိသေပေမယ့်  ငှက်ဖျားနဲ့သေဆုံးခဲ့တယ်လို့ ယူဆရတယ်။

ဆေးခါးတာကို ဘယ်လိုမျိုမလည်းအတွက် အကြံပေးချက်တွေရှိပါတယ်။ ချိုတာတခုခုနဲ့ရောသောက်ပါ။ ဒါပေမယ့် ရောလို့ရ မရ ဆရာဝန်ကိုအရင်မေးပါ။ မြန်မာပြည်မှာက ပျားရည်သုံးတာအစဉ်အလာဖြစ်နေတယ်။ တချို့က ပျားရည်နဲ့ မတည့်ပါ။ သူများတွေဆီမှာ ဖျော်ရည် ဥပမာ စပျစ်သီးဖျော်ရည်သုံးကြတယ်။ ဆေးမသောက်ခင်နဲ့ ဆေးမျိုပြီးမှာ အချိုရည်သောက်ပါ။ ကာဗွန်ထည့်ထားတဲ့ ဥပမာ ကိုကာကိုလာနဲ့တော့ မသင့်ပါ။ အရက်နဲ့တော့ ဘယ်တော့မှ မရောရပါ။

ဆေးပြားကို ခြေပြီးအစာတခုခုနဲ့ရောသောက်နည်းလည်းလုပ်ပါတယ်။ ဒါပေမယ့် ဘယ်ဆေးတွေကိုသာ ခြေသင့်သလည်း Institute for Safe Medical Practices ကနေပြုစုပေးထားတာရှိပါတယ်။ ခြေလို့ရတဲ့ဆေးဆိုရင် ရေတစက်လောက်နဲ့ အရင်စိုစေလိုက်ပါ။ ၁၅ မိနစ်လောက်နေမှ ခြေပါ။ နောက်တနည်းက ဆေးကိုအေးအောင်လုပ်ထားရင် ခါးတာ သက်သာတယ်။ ရေခဲသေတ္တာထဲထည့်ပါ။ ဆေးသောက်ပြီး ရေခဲငုံလို့ရတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး