I am embarrassed

Tun Pale စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် ၊ ဒေါက်တာတင့်ဆွေ (ဒီမိုကရေစီတိုက်ပွဲဝင် စံပြသူရဲကောင်း) အား ဂုဏ်ပြုသောအားဖြင့် ဒေါက်တာတင့်ဆွေပိုင်ဆိုင်သော အိမ်ဝင်းခြံအား မျိုးဆက်သစ် လူငယ်များမှ သန့်ရှင်းရေး ပြုလုပ်ပေးနေစဉ်။ 1:40 PM, 22.11.2015

ပုံထဲပါ တယောက်မကျန် (ဓါတ်ပုံရိုက်ပေးသူအပါ) ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို ဂုဏ်ဖေါ်ရေးတာတော့ စိတ်မလုံဖြစ်ရတယ် ရဲဘော်ထွန်းရေ။

အဲလိုမျိုးအထိ အများရှေ့မှာ ချီးမွမ်းတာခံရရင် အင်္ဂလိပ်တွေက I am embarrassed လို့ပြန်ပြောလေ့ရှိတယ်။ အဓိပ္ပါယ်ကောက်လွဲတတ်ကြတယ်။ အခက်ကြုံရတာလို့လည်းဆိုလိုပေမယ့်၊ အနေရခက်ရ၊ ရှက်ကိုးရှက်ကန်းဖြစ်ရ၊ စိတ်မလုံဖြစ်ရပါတယ်လို့ ဆိုလိုတာပါ။

လူငယ်လူရွယ်တွေကိုမြင်ရလို့လည်း ဝမ်းမြောက်အားရရှိရတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး