JADE မြေပြိုနဲ့ မြေမျို

Landslide စာလုံးအဓိပ္ပါယ်ဖွင့်တာကို မကြာသေးခင်က တင်ပါတယ်။ ရွေးကောက်ပွဲမှာ NLD အနိုင်ရတာကို မီဒီယာကသုံးတဲ့ တင်စားတဲ့ဝေါဟာရပါ။ တောင်ပြိုကမ်းပြိုလား၊ သောင်ပြိုကမ်းပြိုလား။ အခုတော့ တင်စားစရာမလိုတဲ့ ဖါးကန့်မှာ မြေပြိုလို့ လူတွေရာဂဏန်းနဲ့သေတဲ့ စိတ်မကောင်းစရာသတင်းက ဆက်လာတယ်။

ဖါးကန့်နဲ့ဆက်ပြောရရင် မြန်မာ့ကျောက်စိမ်းသတင်းကလည်း ကမ္ဘာကျော်သွားပါတယ်။ ကမ္ဘာ့ကျောက်စိမ်း ၇ဝ% က မြန်မာပြည်ကလာတယ်။ မြန်မာ့လှို့ဝှက်ကျောက်စိမ်းကုန်သွယ်မှုကို အပေါ်ယံမလိုင်လွှာတခု၊ မူးယစ်ရာဇာတွေနဲ့ ခရိုနီုကုမ္ပဏီတွေကသာ ထိန်းချုပ်ထားပါတယ်။

ကျောက်စိမ်းလုပ်ငန်းကနေ ဝင်ငွေဘယ်လောက်ရနေလည်း၊ ဘယ်သူကရနေကြသလည်း မသိရပါ။ တွက်ချက်လို့ ရသလောက် တနှစ်မှာ ဒေါ်လာ (၃၁) ဘီလီယံရှိတယ်။ ဒါ့ပြင် ဖားကန့်မှာ မူးယစ်ဆေးဝါးရောင်ဝယ်မှုနဲ့ သုံးစွဲမှုက အလွန်ဆိုးတယ်။ လိင်လုပ်ငန်းနဲ့ လိင်ကျွန်လုပ်ငန်းတွေရှိနေတယ်။ လောင်းကစားမှုတွေ၊ ကုမ္ပဏီတွေက ကျူးလွန်တဲ့ လူသတ်မှုတွေ၊ မတော်တဆ ထိခိုက်မှုတွေရှိနေတယ်။ နိုင်ငံခြားသားပိုင်ဆိုင်မှုကို မသိကျိုးကျွံပြုထားတာရှိတယ်။

မြန်မာ့ကျောက်စိမ်းလုပ်ငန်းမှာ ပါဝင်ပတ်သက်နေသူတွေဟာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၊ ကြံ့ခိုင်ဖွံဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှုးဟောင်း ဦးမောင်မောင်သိန်း၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ဟောင်းအုန်းမြင့်၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဒုဝန်ကြီးဖုန်းဆွေတို့ဖြစ်တယ်လို့ Global Witness အဖွဲ့ကြီးရဲ့အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

တောင်ပြိုပြို၊ သောင်ပြိုပြို၊ မြေပြိုပြို ကျောက်စိမ်းတွင်းမှာ စွန့်စွန့်စားစားအသက်မွေးရသူတွေ ရတနာကျိန်စာသင့်သလို သေနေကြရတယ်။ ၂ဝဝ၇ သံဃာ့အရေအခင်းကြီးအပြီးမှာ အမေရိကန်ကနေ ဆန်ရှင်ချလိုက်ပါတယ်။ JADE (Junta's Anti-Democratic Efforts) Act of 2008 အက်ဥပဒေလို့ ခေါ်ပါတယ်။ အခုထိရှိပါတယ်။ ကံကြီးထိုက်သူတွေအတွက် မြေအက်မယ့်ရက်လည်း ရှိလာနိုင်ကြောင်းပါ။

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး