Lets’ go! မောင်းပြီ

၂၈-၁၁-၂ဝ၁၅ NLD ကိုယ်စားလှယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲမှကောက်နုတ်ချက်

• လူထုကိုကျေးဇူးဆပ်တဲ့အနေနဲ့ ဒီနေ့ကစပြီး ကိုယ်စားလှယ်များအလုပ်လုပ်ကြပါ။
• အမတ်လစာထဲကလည်း ဖြတ်တောက်ပါမယ်။ ပြည်သူအတွက်အသုံးပြုပါမယ်။
• ကိုယ်စားလှယ်များအတွက် သင်တန်းများလည်းအမြန်ဆုံးစတင်ပါမယ်။ စာမေးပွဲအတွက်လည်း ရေးဖြေဖြေကြရပါမယ်။ စာကျက်ထားကြပါ။
• တိုင်းရင်းသားကိုယ်စားလှယ်များအတွက် သင်တန်းများကို ပထမဆုံးနဲ့အမြန်ဆုံးစတင်ပါမယ်။
• လွှတ်တော်ထဲမှာ အချိန်နဲ့အချက်အလက်နဲ့မေးတတ် မြန်းတတ်အောင် ပြင်ဆင်လေ့ကျင့်ထားကြပါ။
• ခိုင်မာတဲ့ယုံကြည်ချက်ခြင်းတူညီတဲ့ရဲဘော်ရဲဘက်အချင်းချင်း လက်တွဲလုပ်ကြပါ။
• အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ပါမယ်။
• အဖွဲ့ချုပ်လူဟောင်းများကို လူသစ်များက တိုင်ပင်ပါ။ ဆွေးနွေးပါ။ ဒီလှိုင်းကိုလည်းကြိုးစားဖတ်ကြပါ။
• တင်းတင်းကျပ်ကျပ် ကိုင်တွယ်မယ်ဆိုတဲ့အတွက်လည်း စိတ်ဓာတ်မကျပါနဲ့။ အရည်အချင်း တိုးတက်မှုရှိအောင် လေ့ကျင့်ပေးတယ်လို့မှတ်ပါ။
• ကိုယ်စားလှယ်များအနေနဲ့ အခက်အခဲရှိရင်လည်း လူကြီးတွေကို ပွင့်ပွင့်လင်းလင်းတိုင်ပင်လို့ရပါတယ်။ ဒါပေမဲ့အမှားကိုတော့ အမှန်မလုပ်ခိုင်းပါနဲ့။
• အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ယောက် အလွဲသုံးစားပြုလုပ်လို့ ဥပဒေအရ အရေးယူခံရမယ်ဆိုရင်လည်း ထောင်ဝင်စာတွေ့ဖို့တော့ လူလွှတ်ပေးပါမယ်။ (Credits: Soe July)

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး