Letter from a Far Country မဲဇာမှ စာတစောင်

ဖေ့စ်ဘွတ်မှာ အသစ်ရှိလာသူတွေက ဘယ်မှာနေလည်း၊ ပြန်လာမှာလား၊ ဘာလို့ပြန်မလာသလည်း။ ပြန်ဖြေရတာ လူဟောင်းတွေကို အားနာရတယ်။ အခုတော့ အဖြေသစ်ဖြေရပါတော့မယ်။

မြန်မာပြည်ကို လာလို့ရပြီ။ ရပုံရနည်းတွေက မတူပါ။ ဒိအရင်က အချိန်မရွေး အညံ့ခံဝင်လို့ရတယ်။ ၂ဝ၁၂ သြဂုတ်လ (၃ဝ) ရက်မှာ အမည်မည်းစာရင်းဖျက်ကတည်းက ဗီဇာနဲ့ပြန်လို့ရတယ်။ နယ်စပ်ကနေ ဝင်လို့လည်းရတယ်။ လက်ရှိ အစိုးရလက်ထက်မှာ ကိုယ့်အိမ်ကိုယ်ပြန်နေလို့ရ မရ။ အာဏာယူထားသူတွေ မကြိုက်တာတွေကို မီဒီယာမှာ ပြောနေ ရေးနေတာတွေကို ဘယ်လိုသဘောထားမလည်း မသိ။ အလုပ်ကြမ်းနဲ့ ထောင် ၂၅ နှစ် ချထားတာလည်း ပြန်လာရင် ထောင်ထဲ တည့် မတည့် မသိပါ။

အခုမှသာ လမ်းပွင့်တယ်လို့ယုံကြည်ပါတယ်။ အဲတာလည်း အမေရိကန်ကနေ ဆန်ရှင်လုပ်ထားတာနဲ့ အတော်တူတယ်။

ခရီးသွားခွင့်လက်မှတ်ရရင် အလည်ဆိုတဲ့ ရက်တိုဗီဇာကအရင်ဖြစ်ပါမယ်။ အဲတာက ၆ လထက်တော့စောင့်မယ်မထင်ပါ။ ပြန်လာ ဘာလုပ်။ ကြီးကြီးကျယ်ကျယ် မဟုတ်။ လုပ်နိုင်တာနဲ့ လုပ်တတ်တာကိုလုပ်ပါမယ်။

ဒေါက်တာတင့်ဆွေ
၁၂-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး