NLD ပေးစားခံရခြင်း


လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေထဲက တချို့အဖွဲ့တွေကနေ နောက်တက်မယ့်အစိုးရနဲ့ ငြိမ်းချမ်းရေးအတွက် စကားပြောလိုတယ်၊ ကြိုဆိုတယ် စသဖြင့် ထုတ်ဖေါ်ပြောကြားတာရော ကြေညာချက်ရောပါ တွေ့လာရတယ်။

ရွေးကောက်ပွဲပြီးမှ တချို့အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲတွေပိုဖြစ်လာတယ်။ တိုက်ဆိုင်မှုလို့ မထင်ပါ။ ဒါပေမယ့် အဲဒီ အဖြစ်အပျက်ကို တလွဲသုံးတာလည်းတွေ့ရတယ်။ တိုက်နေတဲ့အဖွဲ့တွေနဲ့ ကြိုဆိုတဲ့အဖွဲ့တွေကို NLD နဲ့ ပေးစားတယ်။ ယူစေချင်လို့မဟုတ်ပဲ စွပ်စွဲတာဖြစ်ပါတယ်။ အဲလိုစွဲဆိုတာကို ဝမ်းသာရမလိုလိုဖြစ်စေတယ်။

မငြိမ်းချမ်းသေးသူတွေက ငြိမ်းချမ်းရေးအတွက်၊ ဆင်းရဲနေသူတွေက ချမ်းသာဘို့၊ ထောင်တန်းကျနေသူတွေက လွတ်မြောက်ဘို့၊ ပြည်ပထွက်အလုပ်နေရသူတွေက မိသားစုနဲ့အေးအတူပူအမျှပြည်တွင်းမှာအလုပ်အကိုင်ရရှိဘို့ စသဖြင့် မျှော်လင်ချက်ကောင်းတွေကို ၂ဝ၁၅ ရွေးကောက်ပွဲရလဒ်ကနေ ဖြစ်လာစေနိုင်တာလို့ ရိုးရိုးရှင်းရှင်း တည့်တည့်မတ်မတ် မြင်ကြည့်ရပါမယ်။

အခုအဆင့်က စေ့စပ်ကြောင်းလှမ်းတဲ့အဆင့်ထိတောင် မရောက်သေးပါ။ ဒါပေမယ့် မေတ္တာရှိလာတာလို့ပြောရင် ရနိုင်ပါတယ်။ ချစ်မေတ္တာဆိုတာ ရေစက်ပါမှ၊ ငြားတယ်ဆိုတာ ဖူးစာပါမှဖြစ်ပါတယ်။ အခြေခံနဲ့ ပဓာနကျတာက ချစ်ခြင်းသာဖြစ်ပါတယ်။ တုံ့လှည့်မေတ္တာဆိုတာလည်း တကယ်ရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး