North Korea သို့ ပြုံယန်း

စောစောကပဲ မြန်မာရေဒီယိုတခုက သတင်းထောက်တယောက်ကနေ ကျွန်တော့်ဆီကို (ဖေါ်ဝပ်) လုပ်လိုက်တဲ့ (အီးမေးလ်) တခုရပါတယ်။

မြောက်ကိုရီးယား မီဒီယာသမားတယောက်ကနေ ကနေ့ မြန်မာပြည်ကအပြောင်းအလဲအပေါ်သုံးသပ်ချက်လိုချင်လို့တဲ့။

ကျွန်တော်က မြောက်ကိုရီးယားစာဖတ်သူတွေကို အမေရိကန်နဲ့ ဥရောပပရိတ်သတ်ကို ပြောလေ့ရှိသလိုပဲပြောပါတယ်။ မတူတာတော့ ပါတယ်။ မြန်မာပြည်သား လူအများက တရုပ်၊ ရုရှားနဲ့ မြောက်ကိုရီးယားနိုင်ငံတွေကို စစ်အစိုးရနဲ့ ပလူးပလဲ အလွန်လုပ်ကြတယ်လို့မြင်ထားတယ်။ အခုအပြောင်းအလဲဟာ ကိုယ့်ပုံရိပ်ကိုပြောင်းချင်ပြောင်းဘို့ အခွင့်အလမ်းကောင်း ဖြစ်တယ်လို့ပါ ထည့်ရေးလိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး