Public Speaking လူကြားထဲ စကားပြောနည်း

ရွေးကောက်ပွဲမှာ အနိုင်မရသူတွေ စကားအတော်ပြောတာပဲ။ မီဒီယာက အတော်နှိုက်ယူကြတာကိုး။

ချယ်လ်ဆီးအသင်း မန်နေဂျာ Jose Mourinho (မော်ရင်ဟို) က သူ့အသင်း မရှုမလှရှုံးတော့ မီဒီယာကို စကားပြောဘို့ ငြင်းဆိုပါသတဲ့။

၁။ Winston S. Churchill ဗြိတိသျှဝန်ကြီးချုပ် ချာချီ = အရေးကြီးတဲ့အချက်ကိုသိစေချင်ရင် ဝေ့ဝိုက်လိမ်မာမနေနဲ့။ တန်းကနည်းသာပြောချလိုက်။ နောက်ဒုတိယတကြိမ်ထပ်ပြော။ တတိယတကြိမ်ထပ်ပြောပါ။

၂။ Dale Carnegie ဒေးလ် ကာနက်ဂျီ = လူတယောက် ကြီးကျယ်တယ်ဆိုတာ အမြင်နဲ့ လုပ်ပြတာမဟုတ်ပါ။ အမြင်မှာ သိပ်ကောင်းနေအောင်လည်းမလုပ်နဲ့ အပြောမှာ ပညာရှိလိုလည်းမလုပ်နဲ့။

၃။ Winston S. Churchill ဗြိတိသျှဝန်ကြီးချုပ် ချာချီ = ကောင်းမွန်တဲ့မိန့်ခွန်းဆိုတာ အမျိုးသမီးစကပ်လိုပဲ။ ဖုံးသင့်တာလည်း လုံပါစေ။ ဖေါ်သင့်တာလည်း ပေါ်ပါစေ။

တချို့နိုင်ငံရေးသမားတွေက ဝတ်မှထားကြရဲ့လားမပြောတတ်ဘူး။

ဒေါက်တာတင့်ဆွေ
၂၃-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး