Rumor of War ကောလာဟလ

ရွေးကောက်ပွဲမဲပေးကြဘို့အချိန်ပိုင်းဟာ နာရီမများလှတော့ပါ။ ကောလာဟလတွေ ထွက်နေသတဲ့။

စစ်ပွဲရဲ့ကောလဟာလတခုဆိုတဲ့စာအုပ်ရှိပါတယ်။ အမေရိကန် မရင်းတပ်ဗိုလ်အဆင့်ရှိတဲ့ (ဖိလစ် ကာပူတို) ရေးတာဖြစ်ပါတယ်။ သူက ဗီယက်နမ်စစ်မှာပါခဲ့ရတယ်။ သမိုင်းကြောင်းမဟုတ်ပါ၊ ကိုယ်တွေ့ပါလို့ နိဒါန်းမှာ ရေးထားပါတယ်။ သူဟာစစ်ပြီးနောက် ၁ဝ နှစ်နေတော့ ဗီယက်နမ်ကို စစ်ရေးသတင်းထောက် အနေနဲ့ ပြန်ရောက်ပြီးမှ စာရေးတာပါ။ မြန်မာစာဖတ်ပရိတ်သတ်နဲ့ ရင်းနှီးတဲ့၊ စာပေနိုဗယ်လ်ဆုရတဲ့၊ အကယ်၍ ကဗျာကိုဖွဲ့ဆိုခဲ့တဲ့ Rudyard Kipling (ရုဒ်ယတ် ကစ်ပလင်း) ကိုလည်း ညွှန်းဆိုထားတယ်။

သူ့လိုပဲ ကိုယ်တွေ့ကို နောင်မှာ နာမည်ကြီးစာအုပ်ရေးနိုင်သလို ရွေးကောက်ပွဲမှာ မဲပေးကြမယ့်သူတွေကနေလည်း ကောလာဟလမဟုတ်တဲ့ တကယ့်အတွေ့အကြုံကောင်း၊ သတင်းကောင်းတွေကို နောက်လူတွေကို ဖြန့်ဝေနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၆-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး