Shopping ဈေးဝယ်နည်း

ကမ္ဘာ့သမိုင်းရက်စွဲများအောက်မှာ ကွန်မင့်တခုလာတယ်။ ဆရာ ငါးတွေလည်းပေး၊ ငါးဖမ်းနည်းလည်း ရေးပေးပါလား ဆရာ။ ဘယ်လိုရှာဖွေတွေ့ရှိတာလဲ ဆိုတာကိုပေါ့။

ဈေးဝယ်နည်းရှိတယ်။ ဆန်ကို ဟိုဆိုင်က၊ ဆီကို သည်ဆိုင်ကဝယ်တယ်။ ဈေးဝယ်ရင် ဆိုင်တော့ ရွေးတတ်ရတယ်။ ပစ္စည်းကောင်းလည်း ကြည့်တတ်ရမယ်။ တခွန်းဆိုင်မဟုတ်ရင် ဈေးဆစ်ဘို့ပါ မမေ့နဲ့။

တချို့က အရောင်လေးလှတာ၊ အဖုံးလေးလှတာ ရွေးဝယ်ကြတယ်။ စာအုပ်တွေလည်းပါတယ်။ ခေတ်ဟောင်းက နာမည်ကြီးစာအုပ်တွေ။ အထဲမှာတော့ ပေါ်လစီသတ်ပုံတွေနဲ့ ပြောင်းရိုက် ပြန်ထုတ်တွေ။ ခုခေတ်မှာ အဲတာမျိုးသာ ဖတ်ကြရတော့တယ်။ ရောင်းတာသာ ဝယ်လို့ရတဲ့ခေတ်မှာ။ ရောင်းတဲ့သူတွေက ပိုက်ဆံသာ မြင်ကြတာ။ ကွန်ပြူတာ စာစီတွေကလည်း အေဖိုးတမျက်နှာဘယ်လောက်ရတယ်။ တမှန်သမျှကို စသတ်ရတော့ တွက်ချေ ပိုကိုက်တယ်။

ဈေးဝယ်နည်းကို ကျွန်တော်လည်း အခါခါအညာခံရပြီးမှ တတ်တာ။

ဒီတိုင်းပြည်မှာတော့ ဘလက်ဖရိုင်းဒေး လာတာ့မယ်။ ဝီရိယကောင်းရင် လျှော့ဈေးနဲ့ ပစ္စည်းကောင်းတာတွေရမယ်။ ဒီမှာက မကောင်းရင် ရောင်းမစွန်။ စပယ်လင်ပြင်စာအုပ် မရှိ။

ဒေါက်တာတင့်ဆွေ
၂၇-၁၁-၂ဝ၁၅
၂၇-၁၁-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး