STD rates rise dramatically

လိင်ကတဆင့်ကူးစက်ရောဂါ သိသိသာသာမြင့်တက်လာ

အမေရိကမှာပါ။ ယောက်ျားတွေထဲမှာ အဲလိုများလာတာသိသာတယ်လို့ CNN ကျန်းမာရေးသတင်းက မနေ့ကပဲ ထုတ်လွှင့်လိုက်ပါတယ်။ ၂ဝ၁၃-၁၄ အတွင်းမှာ Chlamydia ကလာမိုင်ဒီးယားနဲ့ Gonorrhea ဂနိုးရီးယားရောဂါတွေက အများဆုံးဖြစ်တယ်။ ဒိအရင်ကကျဆင်းနေခဲ့တာပါ။ Syphilis ဆစ်ဖလစ်လည်း လွန်ခဲ့တဲ့ ၁ဝ နှစ်အတွင်း တက်လာရာကနေ အခု ထိုးတက်လာပါတယ်။ အဲဒီရောဂါ ၃ မျိုးအပြင် HIV and Shigella ရှီဂဲလားရောဂါတွေဟာ လိင်ကတဆင့်ကူးစက်မှု အများဆုံးရောဂါတွေ ဖြစ်ကြပါတယ်။

Chlamydia ကလာမိုင်ဒီးယားက အမျိုးသမီးတွေမှာ အဖြစ်အများဆုံးပါ။ ၂ဝ၁၄ တုံးက ၁့၎ သန်းမှာကူးစက်ခဲ့တယ်။ လူတသိန်းမှာ ၄၅၆ ယောက်နှုန်းရှိတယ်။ ၂့၈% တက်လာတယ်။ ဂနိုးရီးယားဖြစ်သူပေါင်း ၃ သိန်းခွဲရှိလို့ လူတသိန်းမှာ ၁၁၁ ယောက်ဖြစ်တယ်။ ၅့၁% တက်လာတယ်။ ဆစ်ဖလစ်က လူနှစ်သောင်းဖြစ်ခဲ့လို့ လူတသိန်းမှာ ၆ ယောက်နှုန်း ရှိတယ်။ ၁၅့၁% တက်လာတယ်။

ရောဂါတွေအားလုံးက ကုသလို့ရတယ်။ ကာကွယ်လို့လည်းရပါတယ်။ ရေးထားပြီးစာတွေကို ဘလော့ခ်မှာဖတ်လိုက ဖတ်နိုင်ကြပါတယ်။
1. Cervicitis သားအိမ်ဝ ရောင်ခြင်း
2. Chlamydia (ကလာမိုင်ဒီးယား) အဖြစ်များဆုံး STD
3. Chlamydia and Gonorrhea ကလာမိုင်ဒီယားနဲ့ ဂနိုးရီးယား
4. Condom and STDs (ကွန်ဒွမ်) သုံးပေမဲ့ ကူးနိုင်တဲ့ရောဂါတွေ
5. Gonorrhea ဂနိုရောဂါ
6. Oral practice and STDs ဆက်ဆံရာမှာ ပါးစပ်သုံးခြင်း
7. Sexually Transmitted Diseases (STDs) လိင်မှတဆင့် ကူးစက်သော ရောဂါများ
8. STDs (1) Basic လိင်မှတဆင့် ကူးစက်သော ရောဂါများ အခြေခံ
9. STDs (2) Symptoms လိင်မှတဆင့် ကူးစက်သော ရောဂါများ၏ လက္ခဏာများ
10. STDs (3) Medicines လိင်မှတဆင့် ကူးစက်သောရောဂါများ လက္ခဏာများနှင့် ဆေးနည်းများ
11. STDs (4) Treatment လိင်မှတဆင့် ကူးစက်သည့် ရောဂါဆေးများ
12. STDs and celebrities
13. STDs လိင်တူနဲ့ ရောဂါတူ
14. Syphilis test results
15. Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ
16. Syphilis Treatment (ဆစ်ဖလစ်) အတွက်ဆေးများ
17. Syphilis ဆစ်ဖလစ်
18. Syphilis ဆစ်ဖလစ် (ပနယ်စလင်မတည့်သူ)
19. White Discharge အဖြူဆင်းခြင်း

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂ဝ၁၅
http://www.cnn.com/2015/11/19/health/std-rates-rise-dramatically/

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး