‎Unloved‬ and Unwanted လူပိုဆိုတာ


ကျွန်တော့်ပို့စ်တခု = Aged ဇရာအို
ဇရာအို လူပိုမဟုတ်လို့ ရေးလိုက်မိတယ်။ ကိုယ့်ကိုယ်ကို သိပ်အသုံးကျတဲ့လူလို့ ကြွားလုံးထုတ်တာ မဟုတ်ပါ။

လူတွေအသက်ရလာရင် သူများကိုမှီခိုကြရတယ်။ ထိုင်ရာကနေထတာကအစ ထူမယ့်လူရှာရတယ်။ မနာမကျန်းရောဂါ တခုခုရှိနေရင်တော့ ပိုခက်ခဲတယ်။ သူနာပြုငှားနိုင်ရင် ငှားထားရတယ်။ လူအိုရုံမှာ သွားထားရတာလည်းရှိတယ်။ အဆင်ပြေတာက ရှားပါတယ်။

လူတွေ ဘယ်တော့မှာ ဘယ်လိုနည်းနဲ့ ဘယ်နေရာမှာ သေကြမလည်းဆိုတာ ကြိုတင်မသိနိုင်ကြပါ။ ဒါကတော့ ဘာသာရေးအဆုံးအမထဲမှာပါတယ်။ ကျွန်တော်ပြောချင်တာက လူတွေအိုလာရင်လည်း ဘယ်နည်းဘယ်ပုံအိုနာကို ရင်ဆိုင်ရမလည်းဖြစ်ပါတယ်။

စာလေးတပုဒ်မှာရေးဘူးတယ်။ ဇနီးသည်နဲ့ကျွန်တော် သူအရင်လား ကိုယ်အရင်လားလို့။ ဒါ့ပြင် လူမမာကြီးလို သူများ မှီခိုနေရတဲ့အဖြစ်ကို မလိုချင်ဘူးလို့။ ဒါပေမယ့် အဲဒီကံကြမ္မာကိုလည်း ကြိုတင်မသိနိုင်ကြဘူး ထင်ပါတယ်။ ပြောလိုတာက အဲလိုလူပိုပါ။

အဲလိုလူပို မဖြစ်ရလိုပါ၏။ သူများမုန်းသူ မဖြစ်ရလိုပါ၏။

ဒေါက်တာတင့်ဆွေ
၂၃-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး