Vladimir Putin’s massive, triple-decker war room revealed

ဗလာဒီမာပူတင်ရဲ့ သုံးထပ်ပါ စစ်ရုံးချုပ်သစ် ဖေါ်ထုတ်လိုက်ပြီ

ဘီလီယန်ပေါင်းများစွာ အကုန်ကျခံဆောက်ထားတဲ့ သုံးထပ်အဆောင်ဖြစ်တယ်။ National Control Defense Center အမျိုးသားကာကွယ်ရေးဌာနချုပ်လို့ ခေါ်တယ်။

စစ်ရုံးချုပ်က ရုပ်ရှင်ထဲကအတိုင်းပဲ။ ဆခရင်ကလည်း ရုပ်ရှင်ပိတ်ကားလောက်ကြီးတယ်။ ဆီးရီးယားမှာ ဗျူဟာမြောက် ဗုံးတွေကျဲချနေတာကို တန်းမြင်နေရတယ်။ ဒါပေမယ့် အခုနိုဝင်္ဘာလထဲမှာပဲ ဆီးရီးယားကနေလာတဲ့ ရုရှားခရီးသယ်တင် ချာတာဂျက်လေယာဉ် ပျက်ကျလို့ လူပေါင်း ၂၂၄ ယောက်သေဆုံးခဲ့ပါတယ်။

ဒီရုံးကနေ တကမ္ဘာလုံးမှာ ရုရှားစစ်ရေးလှုတ်ရှားမှုအကုန်ုကို ထိန်းချုပ်ထားတယ်။ တန်းသိမြင်နေရတယ်။ နူကလီယာ ဒုံးပျံတွေ ချထားတာ၊ တိုက်ချင်းပြစ်ဒုံးပျံတွေချထားတာ အကုန်မြင်နေရတယ်။

ပင်တာဂွန်မှာရှိတဲ့ ယူအက်စ် National Military Command Center အရွယ်အစားလောက်ရှိတယ်။ ၂ဝ၁၄ တုံးကမှ ပြီးစီးတယ်။ မြေအောက်လှိုဏ်ခေါင်းတွေလည်း ဖေါက်ထားတယ်။ ရင်ပြင်နီနဲ့ ၂ မိုင်သာဝေးပြီး မော်စကိုမြစ်ရဲ့ ဝဲဖက်ကမ်းမှာ ရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁၁-၂ဝ၁၅
https://www.washingtonpost.com/news/worldviews/wp/2015/11/21/vladimir-putins-massive-triple-decker-war-room-revealed/

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး