VOA

အခုပဲ VOA ကခေါ်လို့ မေးတာတွေကို ဖြေခွင့်ရပါတယ်။

Wish list ဖြစ်စေချင်တာဘာလည်းဆိုတော့ ပြည်ထောင်စုသမတမြန်မာနိုင်ငံတော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမတ ဖြစ်စေချင်ပါတယ်လို့။

တားဆီးတာတွေကို ဘယ်လိုကျော်လွှားမလည်းမေးတော့ ၂ဝဝ၈ ဖွဲစည်းပုံကို တရားဝင်ရေးခဲ့တာက ၉-၁-၁၉၉၅ နဲ့ ဒိအရင် ၂ နှစ်ကတည်းကပါ။ သူတို့ရေးတုံးက ၂ဝ၁၅ မှာ သူတို့အကြီးအကျယ်ရှုံးမယ်၊ NLD ကအဲလို အပြတ်အသတ် နိုင်မယ်လို့ သူတို့ခေါင်းတွေထဲမှာ မရှိဘူးထင်တယ်။ NLD အနိုင်ရတာ ရက် ၂ဝ တိတိရှိပြီ၊ ဘယ်ဘာသာရေးကမှလည်း လွှမ်းမိုးမယ့် အရိပ်အရောင် တစွန်းတစမမြင်ရ၊ ဘယ်နိုင်ငံခြားကမှလည်း လွှမ်းမိုးစရာမတွေ့ရပါ။ အဲတော့ ၅၉ (စ) ဟာ လေလုံးသာ ဖြစ်တယ်လို့။

အလားအလာကကောဆိုတော့ အလားအလားတွေက တနေ့တခြား ဒီရေအလားပဲ။ နိုဝင်္ဘာ (၈) ရက်တုံးကတော့ သုည၊ အခုတော့ ၅ဝ% လို့ဖြေလိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး