Welcome to Japan ဂျပန်ခရီးစဉ်

ဒေါ်စု နေအိမ်အကျယ်ချုပ်ကနေ လွတ်လာပြီးနောက် ပဌမဆုံးခရီးစဉ်ဟာ နိုဗယ်ဆုပေးထားတဲ့ နော်ဝေဖြစ်ပါတယ်။ လန်ဒန်ကိုလည်း ဝင်ပါတယ်။ အခု ရွေးကောက်ပွဲအနိုင်ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည့်ကို ဂျပန်ကိုအလည်လာဘို့ ဖိတ်ကြားလိုက်ပါတယ်။

နိုင်ငံခေါင်းဆောင်တွေ အာဏာရလာပြီးခရီးထွက်တာကိုကြည့်ရင် နိုင်ငံတကာဆက်ဆံရေးမှာ ဦးစားပေးမှုကို အကဲခတ်နိုင်ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် (နာရင်ဒရာ မိုဒီ) ဟာ ၂ဝ၁၄ မေလ ၂၆ ရက်မှာတာဝန်စယူပြီးနောက် နိုင်ငံတကာခရီးစဉ်တွေက ဒါတွေပါ။
၁၆-၁၇ ဇွန်လ = ဘူတန်နိုင်ငံ၊ နိုင်ငံတော်ခရီးစဉ်၊
၁၃-၁၆ ဇူလိုင် = ဘရာဇီးလ်၊ BRICS ထိပ်သီးအစည်းအဝေး + နိုင်ငံတော်ခရီးစဉ်၊
၃-၄ သြဂုတ် = နီပေါ၊ နိုင်ငံတော်ခရီးစဉ်၊
၃ဝ သြဂုတ်မှ ၉ စက်တင်္ဘာ = ဂျပန်၊ နိုင်ငံတော်ခရီးစဉ်၊
၂၆-၃ဝ စက်တင်္ဘာ = အမေရိကန်ပြည်ထောင်စု၊ ကုလအစည်းအဝေး + နိုင်ငံတော်ခရီးစဉ်၊
၁၁-၁၃ နိုဝင်္ဘာ = မြန်မာနိုင်ငံ၊ အရှေ့အာရှထိပ်သီးအစည်းအဝေး၊ (နိုင်ငံတော်ခရီးစဉ် မဟုတ်)။

နောက်ပိုင်း ဒေါ်စုထွက်မယ့်နိုင်ငံခြားခရီးစဉ်တွေဟာလည်း စိတ်ဝင်စားဘို့ကောင်းမှာအမှန်ဖြစ်ပါတယ်။ ဂျပန်က ဈေးဦးပေါက်ဖြစ်လာတာကလည်း ထူးခြားမှုဖြစ်တယ်။ အာရှနိုင်ငံဖြစ်တယ်။ ဒုတိယကမ္ဘာစစ်တွင်းက အဖြစ်အပျက်တွေ ရှိတယ်။ အံ့မခန်းတိုးတက်လာမှုတွေရှိတယ်။ အဲတာကြောင့် စစ်အစိုးရတုံးကလို အရည်အသွေးမမီတဲ့ တရုပ်က ကုန်ပစ္စည်းနဲ့ နည်းပညာတွေသာအားကိုးနေရခဲ့တဲ့ဘဝကနေ ပြောင်းလာမလား အကောင်းမြင်ရှိပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး