1990 လူဟောင်းတွေထဲကတယောက်

Ye Lwin Eye သူငယ်ချင်း ဒေါက်တာဇော်မြင့်မောင်သို့ -
မင်းအလုပ်တွေများနေလို့ မနက်ဖြန် St. Peter ကျောင်းသားဟောင်းများ အာစရိယပူဇော်ပွဲမလာနိုင်ဘူးဆိုတာသိရတယ်။

တိုင်းပြည်အတွက် နေ့မအားညမအား အချိန်ပြည့်လုပ်ပေးနေတဲ့အတွက်လည်း လေးစားဂုဏ်ယူတယ်။ ခုတော့ အမေစု ကိုယ်တိုင် သူငယ်ချင်းကို ဆရာဇော်လို့ ပြောလိုက်တာသိရတော့ မင်းဘဝတစ်ခုလုံး ၁၉၉၀ မတိုင်ခင်ကထဲက အနစ်နာခံခဲ့ရကျိုးနပ်ပါတယ်ကွာ။ နောင်လည်းဆက်အနစ်နာခံ တိုင်းပြည်အတွက်ကိုယ်ကျိုးစွန့် ထမ်းဆောင်နေမယ်ဆိုတာ ယုံကြည်ပြီးသားပါ။

အဲတာကို အခုပဲဖတ်ရပါတယ်။

ကျွန်တော်လည်း မုဒိတာ တကယ်ပွါးမိတယ်။ ၁၉၉ဝ တုံးက ကိုဇော်မြင့်မောင်နဲ့ ကျွန်တော့်ကို တရက်တည်းမှာ လာဖမ်းတာ။ သူက အဖမ်းခံရပြီး ထောင်ထဲမှာ အကြာကြီး (အကြာဆုံးအမတ်) နေရတော့ ဒေါ်စုနဲ့ အနီးဆုံးနေရာကို ရောက်လာတယ်။ ကျွန်တော်က လွတ်ပြေး ထွက်ပြေးတော့ အဝေးဆုံးကို ရောက်နေတယ်။

၂ဝ၁၂ တုံးက အမတ်လျှောက်လွှာတင်တဲ့သူ ၂ ယောက်ကို သူကနေ အဲဒီနှစ်ယောက်ရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ ကျွန်တော် ဘယ်သူ့ကိုရွေးရမလည်းမသိလို့ ဒေါ်စုကို တင်ပြတာပါဆိုတော့ ဒေါ်စုက ဆရာပဲအရွေးခံလိုက်ပါဆိုလို့ သူက ၂ဝ၁၂ မှာ အမတ်ဖြစ်လာတာတဲ့။

သူ ဝါရှင်တန်ကို တခေါက်လာတုံးကတော့ ဖုန်းနဲ့စကားပြောရတယ်။ ကျွန်တော်က ဒေလီမှာသာရှိသေးတယ်။ ၁၉၉ဝ သမားတွေထဲမှာက လူအမျိုးမျိုးပါတယ်။ NCGUB ဖွဲ့စည်းရေးမှာ တရုပ်ပြည် ကွေ့မင်မှာ လုပ်ကြံခံလိုက်ရတဲ့ ရေဦးအမတ် ဦးဝင်းကိုရယ်၊ သူရယ် ကျွန်တော်ရယ်က အနီးကပ်ဆုံးတွဲလုပ်ခဲ့ကြတာ။ ကိုဇော်မြင့်မောင် တာဝန်ယူခွင့်ရတာ တကယ်ဝမ်းမြောက်မိတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး