Age unknown အသက်ပြောရမှာကြောက်တဲ့ရောဂါများ (အဆက်)

၁။ ဆရာရှင့် ၁၈ လမှာ ထိုးရမဲ့ဆေးရဲ့အဓိပ္ပါယ်လေးသိပါရစေရှင့်။

ကလေး ကျား-မ-အသက် မသိပါ။
DTaP/DT ဆုံဆို့ + မေးခိုင်
IPV (booster) ပိုလီယို (အားဖြည့်)
Hib (booster) ဟီမိုဖီးလပ်စ် ကာကွယ်ဆး
JE (dos 3) ဂျပန်ဦးနှောက်ရောင် (ထပ်ထိုး)

၂။ မင်္ဂလာပါဆရာ။ ကျနော့် အမျိုးသမီး ကလေး၂ ယောက် ခွဲမွေးပြီးလို့ နောက်ဆုံးကလေးမွေးပြီး သားကြောဖြတ်ထား ပါသည်။ ယခု ၂ လကျော် ၃ လ နီးပါး ရောက်လာတော့ ဒေါသထွက်ခြင်း၊ စိတ်တိုင်းမကျခြင်း၊ စားမဝင်အိပ်မပျော်ခြင်းနှင့် နောက်ဆက်တွဲများဖြစ်ပေါ်နေလို့ သက်ဆိုင်မှုရှိ မရှိ သိလိုပါသဖြင့် လေးစားစွာဖြင့် မေးမြန်းပါတယ်ခင်ဗျ။

အမျိုးသမီးအသက် မသိပါ။ ရာသီ မသိပါ။ သိမှသာ သွေးဆုံးချိန်ကိုထည့်စဉ်းစားရမယ်။ အသက်နဲ့မဆိုင်လောက်ရင် ခွဲစဉ်က မျိုးဥအိမ်ပါထုတ်သလား စဉ်းစားရပါမယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး